spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

ရွာလုံးကျွတ် နေအိမ်တွေ ရေမြုပ်သွားတဲ့ ကျေးရွာလေးရွာက ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ် နယ်စပ်မှာရှိနေတဲ့ ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတော နဲ့ ပလဖ ကျေးရွာလေးရွာက ရွာလုံးကျွတ် နေအိမ်တွေ ရေမြုပ်သွားတာကြောင့် ဒေသခံတွေဟာ ရေးဘေးလွတ်ရာကို ရွေ့ပြောင်းနေထိုင်ရတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း(DOC) ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရွာလုံးကျွတ်ကလေ ရေပဲမြုပ်တာ တချို့က ရေနဲ့နေကြတာများတော့ အိမ်မှာထပ်ဆင့်တွေ အဲ့လို ထိုးနေတယ်။ ပထမထပ်မှာ မြှုပ်လာရင် ဒုတိယထပ်မှာ နောက်ထပ်စည်တစ်ခုကို ထပ်ထိုးပြီးနေတယ်။ အခုက နောက်ဆုံး အပေါ်ဆုံးကို ခေါင်မိုးနားထိ စည်ထိုးလို့မရတော့လို့ သူတို့ ရွှေ့တာပေါ့နော်။ စရွှေ့တာတော့ မနေ့ကစရွှေ့တယ် ဒီရက်နဲ့ ၂ရက်တော့ ရှိပြီပေါ့‌နော်”လို့ DOC ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါကျေးရွာတွေဟာ ဘီလူးချောင်း ဘေးမှာ ရှိနေတဲ့ ကျေးရွာတွေဖြစ်ပြီး မိုးဗြဲဆည် ရေတံခါးဖောက်ချမှုကြောင့် ဘီးလူးချောင်းရေမြှင့်တက်ကာ နေအိမ်တွေ ရေမြုပ်သွားကြတာ ဖြစ်ပါတယ်။

ဓါတ်ပုံ – DOC

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကတည်းက မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ ဆည်ရေဖောက်ချတာကြောင့် ရေကြီးမှုတွေစတင်ကြုံတွေခဲ့ကြတာ ဖြစ်ပေမဲ့ ကျေးရွာအတွင်း နေထိုင်သူတွေရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ယခုတကြိမ်ရေဖောက်ချတဲ့အခါမှာတော့ နေအိမ်ခေါင်မိုးထိ ရေ နစ်မြှုပ်သွားတာကြောင့် ရွေ့ပြောင်းကြတာဖြစ်ပါတယ်။

လက်ရှိမှာ နီးစပ်ရာ ကျေးရွာတွေဖြစ်တဲ့ နန်းမယ်ခုံ ၊ဆင်တောင် ကျေးရွာတွေဘက်ကို ပြောင်းရွေ့နေပြီး စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ Karenni Hope အဖွဲ့ ဝင်တစ်ဦးက ပြောပြပါတယ်။

“သောက်ရေကော၊ စားနပ်ရိက္ခာ ကုန်ခြောက်တွေလို‌နေတယ်လို့ ပြောတယ်။ တောင်းဆိုလာတဲ့ဟာတွေရှိတယ်။”လို့ Karenni Hope အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ရွာလုံးကျွတ် နေအိမ်မြှုပ်ကုန်ပြီး ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဘုရားဖြူ၊ ဘုရားနီ၊ ပလဖ နဲ့ ဖောင်းတော စတဲ့ ကျေးရွာလေးရွာမှာ အိမ်ခြေ ၆၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts