ဒေသခံတွေဟာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ကြပြီး ဝင်ငွေရရှိဖို့ တစ်နိုင်တစ်ပိုင်နှမ်းကို စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မိသားစုဝင်ထဲမှာ အလုပ်လုပ်နိုင်တဲ့ အမျိုးသားတွေ ရှိမှသာ နှမ်းစိုက်ပျိုးဖို့ အားသာကြတာ ဖြစ်ပါတယ်။ မိသားစုတိုင်းတော့ မစိုက်နိုင်ကြပါဘူး။ နေ့စဉ်ညတိုင်း စားသောက်ရဖို့အတွက် တောင်ယာခင်းတွေထဲမှာ ပြောင်း၊ မြေပဲ၊ စပါးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထား စိုက်ပျိုးကြပါတယ်။
https://www.youtube.com/watch?v=X924XjDVQE4&feature=youtu.be