spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူ (၃၀)ဝန်းကျင်ရှိပြီး ပျောက်ဆုံးသူလည်းရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲစတင်တဲ့ ဇန်နဝါရီလကုန်ပိုင်းကစပြီး ယနေ့အထိ ကရင်နီပြည်ကို ဝင်ရောက်လာတဲ့ ၂/ မှတ်ပုံတင် ကိုင်ဆောင်သူ(ကရင်နီပြည်နယ်သား) တွေနဲ့ ဆီဆိုင်ဒေသခံတချို့ ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ခန့်မှန်းခြေ လူဦးရေ ၃၀ ဝန်းကျင်ရှိနေကာ တချို့မှာ အဆက်သွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ ဆီဆိုင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နဲ့ ဆိုက်ခေါင်ကြားမှာ ဖမ်းဆီးစစ်ဆေးခံရတာများတယ်လို့ ဆီဆိုင်ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

“ပျောက်သွားတာကတော့ အယောက် ၂၀/၃၀ လောက်ရှိတယ်။ ဒါပေမယ့် ပြန်လွှတ်တဲ့လူတွေလည်း ပြန်လွှတ်တယ်ပေါ့နော။ ဒါပေမယ့် ပျောက်တဲ့လူတွေကတော့ ဆက်ပျောက်နေသေးတယ်ပေါ့နော။ အခုကလည်း မိသားစုတွေက သူတို့သားသမီး ပြန်ဆက်သွယ်လာကြမှာကိုပဲ စောင့်ကြတယ်လေ။ အဓိက အသက်ရှင်ဖို့ပဲပေါ့နော။” လို့ ဆီဆိုင်ဒေသခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လွှတ်သူတွေဟာ ရဲစခန်းတွေကနေတဆင့် စစ်ဆေးခံရပြီး ပြန်လွှတ်ကြတာတွေ များတယ်လို့ သိရပါတယ်။

“ပြန်လွှတ်လာတဲ့သူတွေဆိုရင်တော့ ရဲစခန်းကနေ ပြန်လွှတ်လာတာတို့ စရဖကနေ ပြန်လွှတ်လာတာတို့ အဲ့ဒီလိုမျိုးပဲ ရှိတယ်ပေါ့။” လို့ ဆီဆိုင်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရမှုဟာ ၂၀၂၄ခုနှစ် ဆီဆိုင်နဲ့ မဲနယ်တောင် တိုက်ပွဲ စတင်ပြီးနောက်ပိုင်းမှာ ရှိလာတာလို့သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကစ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး လက်ရှိ အချိန်အထိ ဖြစ်ပါတယ်။

လက်ရှိ စစ်ဆေးဖမ်းဆီးတဲ့နေရာနဲ့ အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ််လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts