spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်နယ်တောင်ပိုင်း မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ ကရင်နီစစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်တဲ့ ကရင်နီစစ်ဘေးရှောင်တစ်ချို့ကို နေရပ်ပြန်ခိုင်းတာတွေရှိနေတယ်လို့ အဲဒီမှာနေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ကို ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေကနေ ဖိအားပေးလာတာကြောင့် စစ်ဘေးရှောင်တချို့ ပြန်တာတွေရှိတယ်လို့ သိရပါတယ်။

“ စိုက်ပျိုးရေးလေး ဘာလေး လုပ်။ ဝက်မွေးလုပ်တာ ပြန်ခိုင်းတယ်။ ဝက်တွေပါယူပြန် ပြောတယ်။ အပြီးပြန်ဖို့ နင်တို့မျက်နှာမမြင်ချင်ဘူးပြောတယ်။ ” လို့ ရှမ်းပြည်နယ်တောင်ပိုင်း စစ်ဘေးရှောင်နေသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစပြီး ရှမ်းပြည်တောင်ပိုင်းကို စစ်ရှောင်နေကြရတဲ့ ကရင်နီ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ပြောဆိုတာရှိပါတယ်။ ဒါပေမဲ့လည်း လက်ရှိအခြေအနေအရ ကရင်နီပြည်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေဆဲဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင်အများစုမှာ ပြန်စရာ အိမ်မရှိပါဘူး။

အခုလို စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ပိုမိုဖိအားပေးလာနေတဲ့အတွက် စစ်ရှောင်တချို့ ဟာ နေရပ်ပြန် ပြီး နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုကပ်နေခဲ့ရသူတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးတွေကနေ ဖိအားပေးတာမျိုးရှိခဲ့ပါတယ်။

နေရပ်မပြန်နိုင်သူတွေကိုတော့ အဲဒီမှာနေထိုင်ကြောင်း အထောက်အထားအနေနဲ့ အိမ်ထောင်စုစာရင်း ပြောင်းခိုင်းတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းကျော်အထိရှိလာခဲ့ပြီး တောတောင်တွေထဲ စစ်ဘေးရှောင်နေကြသူတွေရှိသလို နယ်စပ်တွေနဲ့ တခြားပြည်နယ်တွေကို စစ်ရှောင်သွားကြသူတွေလည်းရှိနေပါတယ်။

တောတောင်တွေထဲ စစ်ဘေးရှောင်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို သေဆုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts