spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်၊ မိုးဦးကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ရှောင်ဦးရေများတာကြောင့် သောက်သုံးရေ အခက်ကြုံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်‌နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ မိုးဦးကျေးရွာကို ရောက်ရှိလာတဲ့ စစ်ရှောင်ဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုများလာတာကြောင့် သောက်သုံးရေတွေ မလုံလောက်တော့ဘူးလို့ စစ်ရှောင်တာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ရေကတော့ အဝီစိကို ကျနော်တို့ နေ့တိုင်းတော့ ရေတင်တာပေါ့။ အခုဆီစျေးလည်း အားလုံး သိတဲ့အတိုင်းပဲ အဆင်မပြေလဲ ရေအခက်ခဲကတစ်ဖက် နောက်ဝယ်ယူရမယ်ဆိုလည်း စျေးနှုန်းက အရမ်းမြင့်နေတာ တစ်ဖက်ပေါ့နော်။ အဲ့ဒါ အဆင်ပြေတဲ့အလှူရှင် ရလို့ရှိရင် ကျနော်တို့ အရင်ဆုံးပေါ့နော် အလှူရလို့ရှိရင် ဒီဇယ်ဦးစားပေးပြီးမှ ဝယ်ယူမှာပေါ့နော်။ သို့မဟုတ် တစ်ချိန်ချိန် ပြတ်လို့ရှိရင် ကျနော်တို့ ရေအများကြီး ခက်ခဲနိုင်တာပေါ့နော်။” လို့ အဆိုပါ စစ်ရှောင်တာဝန်ခံက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း တိုက်ပွဲတွေကြောင့် မိုးဦးကျေးရွာ မှာရောက်ရှိနေတာဖြစ်ပြီး စစ်ရှောင်ဦးရေ ၈၀၀ ဝန်းကျင်ရှိနေပါတယ်။ စစ်ရှောင်အများစုကတော့ မိုးဗြဲ နဲ့ ဖယ်ခုံဘက်က စစ်ရှောင်တွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သောက်သုံးရေကို ချွေတာသုံးစွဲနေရတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေလောင်းအိမ်သာတွေကို ဆောက်လုပ်ပေးထားပြီး ရေလိုအပ်ချက်က ပိုများလာတယ်လို့ စစ်ရှောင်တာဝန်ခံက ဆက်ပြောပါတယ်။

“ပထမဦးစားပေးဆို ကျန်းမာရေး ကိစ္စဆိုတော့ ဝမ်းလျှောဝမ်းပျက်မဖြစ်အောင် အိမ်သာ ဦးဆုံး စီစဥ်ပေးလိုက်တယ်။ ဦးဆောင်ပြီးတော့ပေါ့နော်။ ပြီးတော့ ရေအခက်ခဲဆိုတော့ ရေလည်း မရှိမဖြစ်ဆိုတော့လေနော်”လို့ စစ်ရှောင်တာဝန်ခံ က ဆိုပါတယ်။

စစ်ရှောင်တွေဟာ ထွက်ပြေးတိမ်းရှောင်လာချိန်မှာ စားနပ်ရိက္ခာ အနည်းငယ်ယူဆောင်လာခဲ့ကြပေမဲ့ ရက်ကြာရှည်လာတာနဲ့အမျှ ရိက္ခာတွေ ပြတ်လပ်လာတာကြောင့် စားနပ်ရိက္ခာလည်း လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တစ်လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက် ကရင်နီပြည် မြို့တော်လွိုင်ကော်နဲ့ ရှမ်း- ကရင်နီနယ်စပ်က မိုးဗြဲ- ဖယ်ခုံတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်အတွင်းက ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေ စတဲ့ မြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ စစ်ရှောင် သောင်းနဲ့ ချီပြီးရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts