spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးထိမှန်မှုကြောင့် နန်းကွတ်ရပ်ကွက်မှ ဒေသခံနှစ်ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒီကနေ့ နို၀င်ဘာလ ၁၃ ရက်နေ့မှာ နန်းကွက်ရပ်ကွက်ထဲ လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနက်က အိမ်ကနေမထွက်ခင် လက်နက်ကြီးတစ်လုံးက အရင်ဆုံးကျတယ်။ အရှေ့ဖက်မှာကျတယ်ကြားတော့ အဲ့အကို ကိုထိသွားတာဖြစ်တယ်။ ၁၀မိနစ်မကြာဘူး နောက်ထပ် တစ်လုံးက အိမ်ဘေးနားမှာကျသွားတာ။ နောက်ထပ် နံပါတ် သုံးလုံးမြောက်မှာ အဲ့ ကောင်မလေး အိမ်ကျသွားတာ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပြပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်၀န်းကျင်အရွယ် ဦးဖြေရယ် နဲ့ အသက် ၁၉ နှစ်အရွယ် မငါးမြာတို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နို၀င်ဘာလ ၁၃ ရက်နေ့ မနက် ၅ နာရီကစပြီး လွိုင်ကော်မြို့နဲ့ နီးစပ်တဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံံတွေကပြောပါတယ်။ နန်းကွတ် ရပ်ကွက်ထဲကို စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ထေးငှားလျားကျေးရွာထဲ လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။ လွိုင်ကော်မြို့နယ်မှာ 1111 (တစ်လေးလုံး) စစ်ဆင်ရေးအဖြစ် နို၀င်ဘာ ၁၁ ရက်နေ့က စတင်ခဲ့ပြီးနောက် သုံးရက်မြောက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုအပြင် လက်နက်ကြီးပစ်ခတ်မှုလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img