spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးအသံကြောင့် ခုနှစ်ရက်သားအရွယ် ကလေးငယ်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ဆီးသူ့တော် စစ်ရှောင်စခန်းက ခုနှစ်ရက်သားအရွယ် ကလေးငယ်တစ်ဦးဟာ လက်နက်ကြီးအသံကြောင့် သေဆုံးခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

” မွေးတဲ့ချိန်တော့ ကလေးက နို့ကောင်းကောင်းစို့တယ်။ ဒါပေမဲ့ မနေ့ (အောက်တိုဘာလ ၂၀ရက်) က ည ၈နာရီလောက်ပေါ့။ လက်နက်ကြီးကျတဲ့ချိန် ကလေးကလန့်လို့လားမသိဘူး ငိုတယ် နို့မစို့တော့ဘူး။ အဲ့ဒါနဲ့ မနက်ကျ အနီးနားက ဆေးခန်းကို သွားပြတယ် ဆေးခန်းမဖွင့်သေးဘူး။ ဆေးရုံသွားမယ်ဆိုတော့ ဆေးရုံသွားခါနီး ဒီမနက် ၉နာရီမှာဘဲ ကလေးက ဆုံးသွားတယ် ဘာရောဂါမှန်းလဲမသိလိုက်ဘူး။” လို့ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောပါတယ်။

အဆိုပါ ကလေးငယ်ဟာ မွေးကင်းစကတည်းက နေမကောင်း ဖျားနာတာ မရှိဘူးလို့ ဆွေမျိုးတော်စပ်သူတွေက ပြောပါတယ်။

ယမန်နေ့ ည ၈နာရီ၀န်းကျင်အချိန်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီးအသံကြောင့် ကလေးငယ်ဟာ သေဆုံးခဲ့ရတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်ကလည်း လမစေ့ဘဲ မွေးဖွားလာတဲ့ မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးတာ ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts