spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မှာ ကရင်နီ လူမှုအသင်းအဖွဲ့တွေ ရဲ့ အသံ တွေကို ဖော်ပြပေးလိုက်ပါတယ်။

Author

Date

Category

NLD ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဘာတွေ တိုးတက်ပြောင်းလဲ လာသလဲ။ ဘာအားနည်းချက်တွေရှိနေပါသလဲ။
ဒီလက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မှာ ကရင်နီ လူမှုအသင်းအဖွဲ့တွေ ရဲ့ အသံ တွေကို ဖော်ပြပေးလိုက်ပါတယ်။

မူလားကော်ရက်တီ အထွေထွအတွင်းရေးမှူး

မူလားကော်ရက်တီ အထွေထွအတွင်းရေးမှူး
ကယန်းအမျိုးသမီးအစည်းအရုံး (KyWO)
“ဒီအစိုးရအနေနဲ့ အားကောင်းကောင်းနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်နေတာ ဆိုတာထက် လက်ရှိသူတို့ အစိုးရသက်တမ်းမှာ ဂုဏ်ပုဒ်ကို ထိန်းသိမ်းတဲ့အနေနဲ့ပဲ လုပ်ဆောင်နေတဲ့ အခြေအနေမျိုး၊ အဆင့်ထိပဲရှိတယ် ပေါ့။ အားကောင်းကောင်းနဲ့ လိုလိုလားလားနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သွားနေကြတာမဟုတ်ဘူး လက်ရှိအခြေ အနေကလေ။ ပြည်သူတွေကလည်း ယုံကြည်မှုအပြည့်နဲ့ ဒါကို ထောက်ခံအားပေးပြီးတော့ လက်မှတ်ထိုး သင့်ပါတယ်ဆိုတဲ့ ပံ့ပိုးဝန်းရံမှုမရှိသလို၊ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့အစည်းတွေကလည်း နိုင်ငံရေးအခြေအနေအရ သူတို့အဖွဲ့အစည်းရဲ့ သွားနိုင်တဲ့ လမ်းကြောင်းက တစ်ခုထဲပဲ အကြပ်ဖြစ်နေတဲ့ ကာလကြောင့် လက်မှတ်ထိုးသွားတယ်လို့ ကျမအနေနဲ့ မြင်တယ်။”

ခူးနဲရယ်

ခူးနဲရယ်
အတွင်းရေးမှူး(၁)
ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO)
“လောလောဆယ်အနေအထားမှာကျတော့ အားမရဘူးလို့ ကျနော်တို့ ပြောလို့ရတယ်။ ငြိမ်းချမ်းရေးတကယ်အ စစ်အမှန်လိုချင်လို့ရှိရင် တစ်နိုင်ငံလုံးသွားနိုင်မယ့် ငြိမ်းချမ်းရေးအခင်းအကျင်းတစ်ခုလိုတယ်။ မပါနိုင်သေးတဲ့ အဖွဲ့တွေ ဘယ်လိုမျိုးဆွဲခေါ်မလဲ။ ၂၁ ရာစု ပင်လုံစသည်ဖြင့် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ ပါဝင်လာနိုင်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ ကျနော်ကတော့ မြင်တယ်။ နောက်တစ်ခုခါကျတော့ NCA လက်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်ဖန်တီးတယ်ဆိုတော့ တကယ်ငြိမ်းချမ်းရေးဖြစ်မလာဆိုတဲ့ စဉ်းစားချက်ပေါ့နော်။ ဒါတွေကို အကုန်လုံး ကျနော်တို့ သုံးသပ်ဖို့လိုတယ်။

ဗစ်တိုးရီးယား

ဗစ်တိုးရီးယား
အတွင်းရေးမှူး
ကယားပြည်နယ်ကျောင်းသားသမဂ္ဂ (KSSU)
“ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်လိုက်မယ်ဆိုရင် အဖွဲ့တွေအားလုံး မပါဝင်နိုင်တာက သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာလည်း မူတည်တာပေါ့နော်။ အခုအခြေအနေကို ကြည့်လိုက်မယ်ဆိုရင် စစ်ပွဲတွေက အရမ်းကို နီးကပ်သလို နေရာတိုင်းမှာလည်း စစ်ဖြစ်နေသေးတာကို တွေ့ရတာပေါ့နော်။ ဒါ့ကြောင့် NCA ထိုးဖို့ကလည်း တချို့အဖွဲ့အစည်းတွေက ဝန်လေးတာလည်း ဖြစ်နိုင်တယ်။ တကယ့်ငြိမ်းချမ်းရေးအခြေနေမျိုး သူတို့ ဖန်တီးနိုင်မလား ဒါမှမဟုတ် ပြဇာတ်အနေနဲ့ပဲ သူတို့ ဆွဲခေါ်နေတာလားဆိုတာကတော့ သံသယဖြစ်စရာကောင်းတာပေါ့နော်။ KNPP အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ လက်မှတ်ရေးထိုးတော့မယ်ဆိုရင် ပြည်သူ့ရဲ့အသံကို အမြဲတစေနားထောင်ဖို့ လိုမယ်လို့ ကျမကတော့ ထင်ပါတယ်။”

ခွန်းဘားနဒ်ဘုတ် (ဥက္ကဌ)

ခွန်းဘားနဒ်ဘုတ် (ဥက္ကဌ)
ကယန်းမျိုးဆက်သစ်လူငယ် (KNGY)
“တိုင်းရင်းသားတွေအများစုတောင်းဆိုချင်တာကတော့ ရှင်းတယ် ဖက်ဒရယ်ပဲ။ ဒါပေမယ့် အင်အားကြီးတဲ့ အုပ်စုကလည်း ဖက်ဒရယ်ဆိုတဲ့ကိစ္စကို သဘောထားပေးမှု၊ ကတိကဝတ်ပေးနိုင်မှုက အရမ်းအား နည်းနေတယ်။ အားအရမ်းနည်းနေလို့ပဲ ခုဆို မြောက်ပိုင်းအဟာမိတ်တွေ လက်မှတ်မထိုးနိုင်သေးတာကို ကျနော်တို့တွေ့ရတယ်။ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကြားမှာလည်း သေနတ်သံပြန်ပေါက်တာ ကျနော်တို့ ကြားနေရတယ်။ ကျနော်တို့ ပြည်နယ်မှာဆိုရင် KNPP လည်း လက်မှတ်မထိုးနိုင်သေးတာကို တွေ့ရတယ်။ ဒီလိုမျိုးပါဝင်မှုတွေ မစုံလင်ပဲနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ထပ်ခေါ်မယ်။ လေ့လာသူအနေနဲ့ပဲ ထပ်ခေါ်မယ်ဆိုရင်တော့ ကျနော့အနေနဲ့ကတော့ ရှင်းလင်းတဲ့အဖြေ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့တော့ မသေချာသေးဘူးလို့ပဲ သုံးသပ်ရမယ်။”

နန်းရီ

နန်းရီ
ဗဟိုကော်မတီ
ကော်ယော်မျိုးနွယ်စုလူငယ်
“လက်ရှိ အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားမရဘူးလို့ ပြောလို့ရတယ်။ အားချက်တွေအများကြီးရှိတယ်ပေါ့။ ဘာဖြစ်လို့ အားနည်းချက်တွေရှိလည်း ဘယ်နေရာတွေ အားမရဘူး လည်းဆိုရင် လက်ရှိ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အစိုးရက အသိအမှတ်ပြု တာကလည်း အဖွဲ့တချို့၊ ပြီးမှ တချို့သော တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း အသိအမှတ်မပြုဘူးပေါ့။ လက်ရှိအကောင်အထည်ဖော်နေတဲ့ ၂၁ ပင်လုံပဲပြောပြော ငြိမ်းချမ်းရေးညီလာခံပဲပြောပြော အဲဒီညီလာခံ မှာလည်း ကျနော်တို့ အများကြီးပြန်ကြားရတာက ဆွေးနွေးပိုင်ခွင့်တွေလည်း လွတ်လွတ်လပ်လပ်မရ ဘူးပေါ့နော်။ စာတမ်းတွေ တက်ဖတ်ကြတယ်။ တကယ့်အရေးကြီးတဲ့ နိုင်ငံရေးလမ်းကြောင်းတွေသွားမယ်။ စစ်ပိုင်းဆိုင်ရာတွေ ဆွေးနွေးမယ်၊ ဖက်ဒရယ်ကိစ္စတွေ ဆွေးနွေးမယ်ဆိုလို့ရှိရင် လွတ်လွတ်လပ်လပ်ဆွေးနွေး လို့မရဘူးဆိုတဲ့ အပိုင်းကို ကျနော်တို့ အများကြီး ကြားရတယ်။”

spot_img
spot_img
spot_img

Recent posts