spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

လုံခြုံရေးကြောင့် တောတွင်းတစ်နေရာကို ပြောင်းရွေ့ထားရတဲ့ စစ်ရှောင်စာသင်ကျောင်းဆောင်အတွက် အကူအညီလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ လုံခြုံရေးအခြေအနေကြောင့် တောတောင်ထဲကို ရွေ့ပြောင်းထားရတဲ့ စာသင်ကျောင်းရဲ့ ကျောင်းဆောင်ဆောက်လုပ်ဖို့ အကူအညီတွေ လိုနေတယ်လို့ ကျောင်းကော်မတီ ဥက္ကဌ ကပြောပါတယ်။

စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ် မကြာခဏ ပျံဝဲနေတဲ့အပြင် လက်နက်ကြီးကျရောက်မှာကို စိုးရိမ်တာကြောင့် အဆိုပါ စာသင်ကျောင်း ကို ရွေ့ပြောင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်တုန်းကတော့ စာသင်ကျောင်းမှာပဲ သူတို့က သင်တာပေါ့။ ဒါပေမဲ့ အခုက လုံခြုံရေးအရက စာသင်ကျောင်းမှာ စာမသင်တော့ပဲနဲ့ တောထဲ တစ်နေရာကိုပြန်ရွှေ့လိုက်တဲ့ ပုံစံမျိုးပေါ့။ ဒီပတ်ထဲမှာ ကျောင်းဖွင့်တာ။” လို့ ကျောင်းကော်မတီ ဥက္ကဌ ကပြောပါတယ်။

အဆိုပါကျောင်းမှာ ကျောင်းဆောင်သစ် တစ်‌‌ဆောင်ကိုသာ ဆောက်လုပ်ထားနိုင်ပြီး ထပ်မံကျောင်းဆောင်‌‌သစ် တစ်ဆောင်ဆောက်လုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းအတွက်လိုအပ်တဲ့ ရေလှောင်ကန်၊ မိုးကာ စတာတွေလည်း လိုအပ်နေတယ်လို့ ကျောင်းကော်မတီ ဥက္ကဌက ဆက်ပြောပါတယ်။

” လောလောဆယ်တော့ စာရေးကိရိယာက ‌ဘုတ်အဖွဲ့က လုပ်ပေးထားတာရှိတယ်ပေါ့။ ဒါပေမဲ့ကျနော်တို့က အရင်ကကျောင်း (အစိုးရ လက်ထက်ကကျောင်း) မှာပဲ သင်တာဖြစ်ခဲ့တာ ခု ကျောင်းပြန်ရွှေ့မယ်ဆိုတော့ အ‌ဆောင်ဆောက်ဖို့အတွက် သစ်တွေ မိုးကာတွေ သွပ်ရနိုင်ရင်တော့ သွပ်ပိုကောင်းတယ်ပေါ့နော။ သွပ်ကတော့ ရေရှည်သုံးလို့ရတယ်ပေါ့ အဲ့ဒါတွေကတော့ အဓိကလိုအပ်ချက်ပဲပေါ့” လို့ သူကဆိုပါတယ်။

ကျောင်းရဲ့ စာသင်ဆောင်ကို ဆောက်လုပ်တာ တစ်ပတ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ အခက်အခဲဖြစ်နေတာကြောင့် စာသင်ကြားမှုကို မပြုလုပ်နိုင်သေးဘဲ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းမှာ ကျောင်းသူကျောင်းသား(၂၀၀)ကျော်ရှိပြီး ဆရာ၊ ဆရာမ (၁၆)ယောက် ရှိပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကရင်နီပြည်မှာရှိတဲ့ ‌စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း နဲ့ ဘာသာရေးအဆောက်အအုံတွေကို လေယာဉ်နဲ့ ဗုံးကျဲတာတွေကို ပြုလုပ်နေတာပါ။ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် မလုံခြုံတဲ့ စာသင်ကျောင်းမှာ သင်ကြားတာထက် တောတောင်ထဲမှာ ကျောင်းတွေကို ရွေ့ပြောင်း သင်ကြားနေကြဖြစ်ပါတယ်။

spot_img
spot_img

Recent posts