spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် ဒေါ်လာသန်း ၅၀ အမေရိကန်ထပ်မံထောက်ပံ့

ကန္တာရဝတီတိုင်း( မ် )

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် ဒေါ်လာသန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအကူအညီဟာ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာမှု၊ လက်နက်ကိုင် ပဋိပက္ခနဲ့ စားနပ်ရိက္ခာပိုမိုရှားပါးလာမှုတွေကြောင့် ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ အာဟာရချို့တဲ့မှုကို ကုစားဖို့နဲ့ ကာကွယ်ဖို့ လိုအပ်နေသူ ၇သိန်းခွဲကို ကူညီနိုင်မယ်လို့ဆိုပါတယ်။

အဲဒီဒေါ်လာသန်း ၅၀ အကူအညီကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ ( USAID ) ကနေတဆင့် ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း လူ ၃ ယောက်မှာ ၁ ယောက်လောက်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေလိုအပ်နေပြီး မြန်မာနိုင်ငံလူဦးရေ ၁၇ သန်းလောက်ရှိနေတယ်လို့ ဆိုပါတယ်။ ယခင် အာဏာမသိမ်းခင်တုန်းက တစ်နိုင်ငံလုံးမှာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူ ၁ သန်းလောက်တောင်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအထောက်အပံ့ကို လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနဲ့ အသက် ၅ နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေအတွက် အာဟာရဖြစ်စားသုံးကုန်များကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး အထောက်အပံ့တွေကို ဆက်လက်ပေးအပ်နေပြီး မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂတ်ဆီကို ငြိမ်းချမ်းစွာ ရှေးရှုဆောင်ရွက် နေကြသူတွေကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

spot_img
spot_img