spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လူသေအလောင်း တွေ့တယ်လို့ ကောလဟာလထွက်နေတဲ့ အမှိုက်ပုံကို KNDF နဲ့ KSP တို့ရှင်းလင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်း လေးမိုင်ကျေးရွာအနီးမှာ လူသေအလောင်း ၅ လောင်းတွေ့ခဲ့တယ်လို့ အတည်မပြုနိုင်သေးတဲ့ ကောလဟာလ သတင်း ထွက်နေတဲ့ အမှိုက်ပုံကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ KNDF နဲ့ ကရင်နီပြည်ရဲဌာန ( KSP ) တို့က ရှင်းလင်းရေးတွေ ပြုလုပ်ခဲ့ပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ အဆိုပါအမှိုက်ပုံဟာ အနံ့အသက်ဆိုးတွေ ထွက်နေတာ လနဲ့ချီ ရှိနေပြီလို့ ပြောပါတယ်။

“အဓိက ကတော့ ဒီအမှိုက်ပုံက အနံ့အသက်ထွက်လို့ လမ်းသွားလမ်းလာပြည်သူတွေ အနှောက်အယှက်တအားဖြစ်လို့ ဒီအမှိုက်ပုံကို ရှင်းရခြင်း ဖြစ်တာပေါ့။” လို့ KSP ရဲ့ တာဝန်ရှိသူတစ်ဦး ကဆိုပါတယ်။

အမှိုက်ပုံအတွင်း အလောင်း ၅ လောင်း တွေ့ရှိခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ KSP အနေနဲ့ ထုတ်ပြန်ချက် ထုတ်ဖို့ရှိတာကြောင့် လတ်တလော ဖြေကြားမှုကို မပြုလုပ်နိုင်သေးကြောင်း ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အလောင်းကိစ္စနဲ့ပတ်သတ်ပြီး ထုတ်ပြန်ဖို့ရှိမယ်။ ထုတ်ပြန်ပြီးမှ အင်တာဗျူးချင်ရင် ဗျူးပေါ့။ ခုကပြောရင်အဆင်မပြေဘူး” လို့ KSP ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ အမှိုက်ပုံ အနီးအနားမှာ လူသေအလောင်း ၅ လောင်းတွေ့ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ကောလဟာလ သတင်း ထွက်နေတာ ၁လဝန်းကျင်ရှိနေပေမဲ့ တိကျတဲ့ အချက်အလက်တခုမျှ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

spot_img
spot_img

Recent posts