spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်မှု မကြာခဏ ကြုံတွေ့နေရတဲ့ ဒေသခံ၊ စစ်ဘေးရှောင်တွေရဲ့ စိုးရိမ်ပူပန်မှု နဲ့ အခက်အခဲ

ကန္တာရဝတီတိုင်း ( မ် )

၂၀၂၅ခုနှစ် နှစ်သစ်ကစလို့ ကရင်နီပြည် ၊ ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ စစ်ဘေးရှောင်တွေလည်း ကာလကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်များပြားသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တခြားနေရာတွေကို ထပ်မံတိမ်းရှောင်ဖို့ အခက်အခဲတွေ ရှိနေကြတာပါ။ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေကို မကြာခဏ ကြုံတွေ့နေရတဲ့ ဒေသခံတွေ စစ်ဘေးရှောင်တွေရဲ့ စိုးရိမ်ပူပန်မှု ၊ အခက်အခဲ စကားသံတွေကို တင်ဆက်လိုက်ပါတယ်။

ဟန်ဘူး ဒေသခံအမျိုးသားတစ်ဦး

“ ၂၀၂၄ နှစ်အကုန် ၂၀၂၅ နှစ်ဦးပိုင်းမှာ အရင်ကထက်ပိုပြီးတော့ သူတို့(စစ်ကောင်စီ) လေယာဉ်အသုံးပြုလာတာ တွေ့ရတယ်ပေါ့နော။ ဒီအပေါ်မှာကျနော်တို့ရဲ့ လူထုတော်တော်များများက ဘယ်လိုခံစားရလဲဆိုတော့ လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ပေါ့နော အဲ့ဒါကို ထိပါးတာပေါ့။ ကျနော်တို့ကောင်းကောင်းလည်းမအိပ်ရဘူး သတိနဲ့သွားလာနေကြရတယ်။ အရင်ကကျနော်တို့ကတော့ လမ်းသွားရင် ကား၊ ဆိုင်ကယ်ချင်း မတိုက်မိအောင်ပဲ ကရုစိုက်ကြရတယ်။ အခုကတော့ ဆိုင်ကယ်စီးနေရင်း လမ်းသွားရင် အပေါ်က လေယာဉ်လာမှာကို မော့ကြည့်ပြီး ကြောက်နေရတယ်။ ကိုယ့်အပေါ်ကို ဘယ်အချိန် ဗုံးနဲ့ လာကြဲချမလဲ ဆိုတဲ့ စိုးရိမ်မှုတွေက ဒီလိုအခြေအနေထိတောင် ရှိနေကြပြီပေါ့နော။ လေယာဉ်ကြဲနိုင်ချေနည်းတဲ့နေရာတွေကို ဒီက ဒေသခံတွေကလည်း တောင်ယာမှာ သွားအိပ်ကြတယ်။ တချို့ကျတော့လည်း လေယာဉ်ကြဲရင် နည်းနည်းလေး အကာအကွယ် ဖြစ်စေမယ့် ကျောက်ဆောင် အောက်တွေကြားမှာ တဲသွားဆောက်ပြီး ပုန်းခိုနေထိုင်ကြရတာရှိတယ်။ ခန့်မှန်းခြေအားဖြင့် ၁၀ ကြိမ်ထက်မနည်းရှိနေပြီလို့ သုံးသပ်မိတယ်။ အခုနောက်ပိုင်း ဗုံးအကြီးတွေကို ပိုအသုံးပြုလာတယ် ပေါင် ၅၀၀ တွေ ခပ်စိပ်စိပ်သုံးလာတာ ပိုပြီးတွေ့နေရတယ်။”

ဦးပီတာ ( ဘန်ကောက်စစ်ရှောင်အမျိုးသားတစ်ဦး)

“ လေယာဉ်တွေ လာဝဲရင် ဗုံးခိုကျင်းထဲ ပြေးဝင်တာတို့ လုံခြုံမှုပေါ့နော။ ကလေးလည်း ငယ်တာရှိတဲ့အတွက်ပေါ့နော။ ကလေးကိုအမြဲတမ်း အသိပေးတယ် ကျနော်တို့ဆို လေယာဉ်လာပြီဆို လမ်းပေါ်မှာဘဲ မှောက်အိပ်တဲ့ အနေအထားပေါ့နော ကိုယ့်ကိုယ် Safe ဖြစ်အောင် လုံခြုံမှုဖြစ်အောင်ပေါ့နော။ အဲ့လိုတော့ ကိုယ့်ကိုယ်ကာကွယ်တာပေါ့။ ဒါပေမဲ့တော့ တည့်တည့်ကျရင်တော့ မတတ်နိုင်ဘူးပေါ့။ ရွှေ့ပြောင်းသွားပြီဆိုရင်လည်း ကြောက်လန့်တကြားနဲ့ ရွှေ့ပြောင်းသွားတာ ခနတာပါပဲနော။ ဒါပေမဲ့တော့ တည်မြဲနေဖို့ နေရာဆိုလည်း အခက်အခဲရှိနေသေးတော့ ပြောမယ်ဆိုတော့ သူများဘေးရွာမှာပဲ ကိုယ်ဧည့်သည်သွားလုပ်ဆို ၂ ရက် ၃ ပေါ့နော။ ပြီးတော့ ဒီနေရာမှာဘဲ ပြန်လာနေတယ်ကြတဲ့ အနေထားမျိုးပေါ့နော်။ လက်နက်ကိုင်အဖွဲ့စည်းမဟုတ်ဘဲနဲ့ ကျနော်တို့စစ်ရှောင်တဲ့ပြည်သူတွေကို တိုက်ခိုက်တဲ့အတွက် တအားကြီး ဝမ်းနည်းစရာကောင်းတယ်။ ကံကောင်းလို့ ကျနော်တို့ အသက်ရှင်နေရတဲ့ အနေအထားမျိုးတော့ရှိနေတယ်။ ကျနော်တို့ ဆက်ပြီးပြောင်းရွှေ့ဖို့က လုံခြုံမှုရှိတဲ့နေရာတွေကို ထပ်မသိတော့ ဒီမှာဘဲဆက်ပြီးတော့ နေသေးတယ်ပေါ့နော်။”

ဒေါ်နာတားလျာ

“ အဲ့ဒီကားသံ၊ ဆိုင်ကယ်သံကြားတာတောင်မှ တခါတလေ လေယာဉ်များလား ဆိုပြီးမှ ထပြီးပြေးချင်စိတ်တွေပေါက်တယ်ပေါ့နော။ အဲ့ဒါစားမဝင်လောက်အထိ အဲ့လိုမျိုး နေမသိ ထိုင်မသာ မစားနိုင်တဲ့ထိဖြစ်သွားတယ်ပေါ့။ တချို့ကလေးတွေဆိုရင်တော့ ဒီကြားမှာပေါ့နော တချို့ကလေးတွေတောင်မှ စာသင်ကျောင်းကပြန်လာရင် ကတုတ်ကျင်း အထဲကနေ အပြင်လုံးဝမထွက်ရဘူး ထမင်းတောင်မစားပဲနဲ့ ဒီလိုမျိုးနေရတာမျိုးတွေပေါ့နော အဲ့လိုမျိုးတွေ ကြုံနေရတယ်။ တိမ်းရှောင်တာတွေတော့ရှိပါတယ် ဘာဖြစ်လဲဆိုရင်တော့ သူတို့ညတာပဲဖြစ်ဖြစ် နေ့အချိန်ဖြစ်ဖြစ် သူတို့ရဲ့စိတ်လုံခြုံရာပေါ့နော ကိုယ်ရဲ့လုံခြုံရာပေါ့နော နေရာတိုင်းမှာတော့ မလုံခြုံဘူးပေါ့ သိတယ် ဒါပေမဲ့ သူတို့စိတ်ရဲ့လုံခြုံရာဆိုတာ ခဏတဖြုတ် ဒီဘေးနားပတ်ဝန်းကျင်မှာပေါ့ ရှိနေတဲ့အိမ် ရှိနေတဲ့ဆွေမျိုးတွေနား ခဏလေးသွားနေလိုက်တယ် သွားနေပြီး ပြန်လာတယ် အဲ့လိုမျိုးပေါ့နော အဲ့လိုမျိုးတော့နေတယ်။”

ဦးဂျိုဝါးနီ

“ကျနော့်တစ်ယောက်အနေနဲ့ဆိုတော့ စစ်တပ်က ဒီလို တည့်တည့် ကျနော်တို့ပြည်သူတွေကို မျိုးသုဉ်းအောင်ပြီးတော့မှ အဲ့ဒီလိုမျိုးလာကြဲတယ်လို့ ကျနော် အဲလိုမျိုးမြင်တယ်။ လေယာဉ်လာတဲ့ချိန်ဆို ကြောက်လန့်သွားတဲ့ လူတွေရှိတဲ့အခါကျတော့ ဒီအနီးနားရှိနေတဲ့ရွာကို ထွက်ပြေးသွားကြတယ်ပေါ့နော။ အဲ့ဒီလိုမျိုး လုံခြုံအောင်ဆိုပြီးတော့မှ ခဏတဖြုတ် အဲ့လိုမျိုး တစ်ရက်နှစ်ရက် သွားနားနေပြီးတော့မှ ပြန်လာတာမျိုးပေါ့နော။ ကျနော်တို့အပြစ်မဲ့တဲ့ ပြည်သူကိုထပ်ပြီးတော့မှ အဲ့လိုမျိုး မတိုက်ခိုက်တော့ပါနဲ့လို့ တောင်းဆိုချင်တယ်ပေါ့နော။”

spot_img
spot_img