spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ကတ်သလစ်သာသနာ၏ လုဒ်မယ်တော်သခင်မလှိုဏ်ဂူပွဲတော်ကြီး စည်းကားသိုက်မြိုက်စွာကျင်းပခဲ့

Author

Date

Category

စိုးထိုက်အောင်

လွိုင်ကော်ကတ်သလစ်သာသနာ (၆၆) နှစ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မလှိုဏ်ဂူပွဲတော်ကြီးကို ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုကျေးရွာတွင် ဆယ်ရက်တိုင်တိုင် ယခင်နှစ်ကထက် ပိုပြီး စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။

ဒီမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်မှလာရောက်တဲ့ မဖိလစ်စတာက “တောင်ပေါ်မှာတက်ကြည့်ရင် လူတအားစည်ကားတယ် ပြီးတော့ မထင်မှတ်ဘူးပေါ့နော် လူအဲ့လောက်များမယ်လို့လဲမထင်ခဲ့ဘူး မယ်တော်မာရိယာကို ဘယ်လောက်ကြည်ညိုလဲ၊ ဘယ်လောက်အားကိုးလဲ ဆိုတာခံစားမိတယ်ပေါ့။”လို့ ပြောပါတယ်။

ဆုတောင်းပြည့်လုဒ်သခင်မ(ဆော်ဘော့သ) ယူဆမိုဆိုမယ်တော်လိုဏ်ဂူပွဲတော်မှာ နိုဝေးနားပြင်ဆင်ခြင်းနှင့် ပွဲတော်တွေ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၁၁ ရက်နေ့အထိ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

ယခင်ကတော့ တောင်ငူသာသနာ၊ တောင်ကြီးသာသနာ ကနေအခုလွိုင်ကော် သာသနာဆိုပြီးတော့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် သာသနာပိုင်အနေနဲ့အသိမှတ်မပြုသေးခင်က ယူဆမိုဆိုရွာနဲ့ဆောင်ဒူလာရွာ (၂)ရွာကပဲ တစ်ရွာကို တစ်နှစ်စီ အလှည့်ကျနဲ့တာဝန်ယူပြီးတော့မှ မယ်တော်လိုဏ်ဂူပွဲတော်ကို စတင်ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

ဦးရိုမားနိုက“အခုကသာသနာကနေပြန်ပြီးတော့မှ ယူလိုက်တာပေါ့ ဒါက သာသနာပိုင်အနေနဲ့ဆိုပြီးတော့မှ ဒီသာသနာလုံးဆိုင်ရာကျတော်တို့ဒီ ဆရာတော်ကနေပြီးတော့ အသိမှတ်ပြုလိုက်တာပေါ့။”လို့ပြောပါတယ်။

ယူဆမိုဆို မယ်တော်လိုဏ်ဂူတော် ပွဲကို ကယားပြည်နယ်အတွင်းမှ ကတ်သလစ်ဘာသာဝင်တော်တော်များများ သမက ဖယ်ခုံ၊ မိုးဗြဲ နဲ့တစ်ခြားနေရာဒေသတွေက လူတွေလဲ တက်ရောက်ဆုတောင်းခဲ့ကြပါတယ်။

ယူဆမိုဆိုမယ်တော်လိုဏ်ဂူပွဲတော်မှာ ဘုရားဖူးလာရောက်သူတွေ မော်ဒယ်ရှိုးအက၊အလှပြပွဲတွေ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှပြိုင်ပွဲတွေ နိုင်ငံကျော်အဆိုတော်တွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေ ရိုးရာခေါင်ရည်ဆိုင်တွေ ဈေးရောင်းပွဲေတော်နှင့်ပျော်ပွဲရွှင်ပွဲများ၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗုံပလွေပြိုင်ပွဲ တွေနဲ့ယခင်နှစ်တွေနဲ့မတူပဲ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts