spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ကနေထွက်လာတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ လိုက်လံပစ်ခတ်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (နိုဝင်ဘာလ ၁၅ ရက်)မှာ မြို့တွင်းတိုက်ပွဲကြားက ထွက်ပြေးတိမ်းရှောင်လာတဲ့ လွိုင်ကော်မြို့က စစ်ဘေးရှောင်တွေကို စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ ကင်းထောက်ပြီး လေယာဉ်တွေနဲ့ လိုက်လံပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးတွေလုပ်ပေးနေတဲ့ IEC ရဲ့ လူမှုကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန က ဒုတိယ ဌာနမှူး မော်ရီးရီက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ဒီရက်ကတော့ ကိုယ်ပိုင်ကားတွေ ဆိုင်ကယ်တွေ ရှိတဲ့သူတွေကတော့ ကိုယ်ပိုင်ကား ဆိုင်ကယ်တွေနဲ့ ထွက်လာကြတာရှိတော့ ယာဥ်တန်း အရှည်ကြီးဖြစ်သွားတာ။ အဲ့ဒါနဲ့ စစ်ရှောင်တွေထွက်တဲ့ လမ်းကို စစ်ကောင်စီက သိသွားပြီးတော့မှ ဒရုန်းတွေနဲ့ လာထောက်တာရှိတယ်။ ပြီးတော့ ဒရုန်းနဲ့ လာထောက်ပြီးမှ လေယာဥ်နဲ့ လိုက်ပြီးတော့မှ ပစ်တာပေါ့နော်”လို့ မော်ရီးရီ ကပြောပါတယ်။

လွိုင်ကော်မှာ ၁၁.၁၁ စစ်ဆင်ရေးစတင်ပြီး ၅ ရက်မြောက်နေ့မှာ စစ်ရှောင်ဦးရေအများအပြား မြို့ကိုစွန့်ခွာ ထွက်လာကြတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ၊ လမ်းမပေါ်သွားနေတဲ့ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာအပြင် စစ်ရှောင်တွေကို လေယာဉ်နဲ့ လိုက်လံပစ်ခတ်နေတာဟာ ပြည်သူတွေကို မြို့ပြင် မထွက်အောင် ပြုလုပ်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှ တည်ထောင်သူ ဦးဗညားက ဆိုပါတယ်။

“စစ်ကောင်စီက လူထုတွေကို အမြဲတမ်း အကြောက်တရားနဲ့ အုပ်ချုပ်နိုင်အောင်ကြိုးစားတယ်ပေါ့။ သူတို့က အစကတည်းက လွိုင်ကော်မြို့ပြင်ကို ပေးမထွက်ဘူး။ လွိုင်ကော်မြို့ထဲကို တွန်းပို့တယ် လွိုင်ကော်မြို့ထဲကို ရောက်ပြီး နောက်ပိုင်း အပြင်ကို ပေးမထွက်ဘူးပေါ့နော်။ အဲ့လိုမျိုးပုံစံနဲ့ လုပ်ထားတယ်။ ဒီမနက်က လူထုတွေ အများကြီးထွက်လာနိုင်တယ်။ ဒါပေမဲ့ ဒီလိုမျိုး လမ်းမပေါ် ပစ်ခတ်နေတာကလည်း လူတွေကို ကြောက်အောင်လုပ်တာပေါ့နော်။ မထွက်အောင်ထပ်လုပ် အထဲမှာမနေရင် လိုက်ပစ်မယ်ဆိုပြီး မက်ဆေ့ပေးတဲ့မျိုးပေါ့နော်။” လို့ ဦးဗညားက ဆိုပါတယ်။

မြို့ထဲကနေ စစ်ရှောင်တွေဟာ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးလာသူတွေရှိသလို၊ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပို့ဆောင်ပေးမှုကြောင့် တိမ်းရှောင်လာတဲ့သူတွေလည်း များနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လေယာဥ်နဲ့ ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူးလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပြောဆိုထားပါတယ်။ လွိုင်ကော်မြို့မှာ ၁၁.၁၁ တစ်လေးလုံးစစ်ဆင်ရေး စတင်ပြီးတဲ့နောက် ဘေးလွတ်ရာကို တိမ်းရှောင်ကြတဲ့ စစ်ရှောင် ဦးရေ ၂သောင်းဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

spot_img
spot_img

Recent posts