spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်က စစ်ရှောင် (၃၀၀) ကျော်အတွက် စားနပ်ရိက္ခာ နဲ့ အမိုးအကာ လှူဒါန်း၊ လိုအပ်ချက်ရှိနေသေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆောင်ဒူလာ စစ်ရှောင်စခန်းမှာ လွိုင်ကော်မြို့က ရောက်ရှိလာတဲ့ စစ်ရှောင် (၃၀၀)ကျော်အတွက် ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI ) က အလှူရှင်တွေ ကိုယ်စား စားနပ်ရိက္ခာတွေနဲ့ အမိုးအကာ တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ KHAI တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လွိုင်ကော်က စစ်ရှောင်လာတဲ့ စစ်ရှောင်တွေကို အဓိကထားပြီးတော့မှ ကျနော်တို့က ကူညီထောက်ပံ့ပေးခြင်း ဖြစ်တာပေါ့နော် “ လို့ သူက ပြောပါတယ်။

ယမန်နေ့ နိုဝင်ဘာလ ၂၆ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး အဆိုပါ စစ်ရှောင် စခန်းမှာ အိမ်ထောင်စု (၁၄၄) စုရှိပြီး လူဦးရေ ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ (၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံအများစုက စစ်ဘေးရှောင်နေရပါတယ်။ လက်ရှိ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ရောက်ရှိလာတဲ့ လွိုင်ကော်မြို့က စစ်ရှောင်အများအပြားရှိပြီး အခြေခံ စားနပ်ရိက္ခာ၊ အသုံးအဆောင်၊ နေရာထိုင်ခင်း အပြင် သောက်သုံးရေတွေလည်း လိုအပ်လျက်ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts