spot_imgspot_imgspot_imgspot_img
Tuesday, March 4, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့က ကျောင်းနဲ့ ဌာနဆိုင်ရာအဆောက်အအုံရဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ်တွေကို စစ်ကောင်စီက ကင်းစောင့်ခိုင်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့တွင်းက နည်းပညာတက္ကသိုလ် ၊ ကွန်ပျူတာတက္ကသိုလ် အပါအဝင် အခြေခံပညာစာသင်ကျောင်းတွေ နဲ့ အခြားသော ဌာနဆိုင်ရာရုံးတွေရဲ့လုံခြုံရေးအတွက် လွိုင်ကော်ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေကို စစ်ကောင်စီက ကင်းစောင့်ခိုင်းထားတယ်လို့ သိရပါတယ်။

“GTC (နည်းပညာတက္ကသိုလ်)မှာ စောင့်ခိုင်းထားတယ် လို့ကြားတယ်။ အဲ့ဖက်ကြ မသွားဖြစ်လို့ ၊ နောက် ရပ်ကွက်ထဲလည်း ကင်းစောင့်ဖို့ဆိုပြီး ပိုက်ဆံ ငါးထောင် ကောက်သေးတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငွေကြေး ၅ထောင်ကျပ် ကောက်ခံတာဟာ မြို့ပေါ်က ဒေါတမရပ်ကွက်ရုံးကို ကင်းစောင့်ဖို့ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတည်းက ကောက်ခံတာဖြစ်တယ်လို့ဆိုပါတယ်။ မပေးနိုင်ပါက ကင်းစောင့်ဖို့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောဆိုထားကြောင်း ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ပြည်သူ့စစ်ကို ၁လေးလုံးစစ်ဆင်းရေး နောက်ပိုင်း လွိုင်ကော်မြို့အတွင်းမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အများစုမှာ လွိုင်ကော်မြို့ခံ နဲ့ စစ်တပ်ထောက်ခံသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

” ၁လေးလုံးပြီးတော့ မထွက်ပြေးတဲ့ သူတွေ ဝင်ကြတာ။ အချို့ က ဝင်ငွေ မရှိတော့လို့၊ အချို့က ခိုးမှု၊ ဆေးမှုတွေက လွှတ်အောင်လို့ ကိုယ့်ဘာသာကို ဝင်ကြတာရှိသလို ခြိမ်းခြောက်ခံရလို့ ဝင်ရသူတွေလည်းရှိတယ်။”လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တခြားဒေသမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြို့ခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းကာ ပစ္စည်းခိုးယူတဲ့ သူလည်း များပြားနေပြီး အဲ့ဒီသူတွေဟာ စစ်ကောင်စီတပ်သားတွေနဲ့ အချိတ်အဆက်ပြုလုပ်ပြီး ရပ်ကွက်တွင်း သွားလာနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် လုံခြုံရေးအဖွဲ့ထဲမှာ ခိုးယူသူတွေလည်း ပါဝင်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

“ညထွက်ရတာ ဒီကောင်တွေပဲရှိတယ်လေး။ ၁လေးလုံး မတိုင်ခင်က ဘာမှမရှိတဲ့ ကောင်တွေက အခုဆို ကားတွေ၊ ထိုင်းဘီးတွေနဲ့ ဖြစ်ကုန်ပြီ။”လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပြပါတယ်။

လက်ရှိ ပြည်သူ့စစ်တစ်ဦးရဲ့ လစာကို တစ်သိန်းရှစ်သောင်းမှ ၃သိန်းအထိ ရရှိကြပြီး၊ မြို့ပေါ်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းအပါတွေက တပ်ဖွဲ့တွေထဲ ဝင်ရောက်ဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts