spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လွိုင်​ကော်မြို့တွင်း စက်သုံးဆီတွေ ပြတ်လပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး လွိုင်​ကော်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်​ရေးအခြေအနေတွေ​ကြောင့် မြို့တွင်းမှာ စက်သုံးဆီတွေ ပြတ်လပ်နေ​တယ်လို့ သိရပါတယ် ။

” ဆီက မှာရ ခက်သွားပြီး ​ရောင်းဖို့ လည်းမရှိ​​တော့ဘူး။ ဆီကား​တွေလည်း ဝင်မရတာ​ကြောင့်လည်း ပါမယ်” လို့ မြို့တွင်း စက်သုံးဆီ​ရောင်း ချသူ တစ်ဦးက ​ပြောပါတယ်။

လက်ရှိမှာ မြို့တွင်းဆိုင်အများစု ပိတ်ထားကြပြီး 92 တစ်လီတာကို ၂၄၀၀ မှ ၃၀၀၀ ကျပ်အထိ ​ရောင်းချမှုတွေတော့ ရှိ​နေတယ်လို့ သိရပါတယ် ။

လက်ရှိမှာ လွိုင်​ကော်မြို့လမ်းမကြီးအများစုကို စစ်ကောင်စီကနေ အသွားအလာ ပိတ်ထားပြီး မြို့ပြင်ဖက် စက်သုံးဆီ သွားဖြည့်သူတွေတချို့ကို စစ်ကောင်စီက ပစ်ခတ်တာရှိတယ်လို့ ကိုယ်​တွေ့ကြုံလာသူတစ်ဦးက ​ပြောပါတယ် ။

“​​ တော်ဝင်မှာ ဆီသွားထည့်မလို့ဟာကို မြို့ဦး​ကျောင်းနား​ရောက်​တော့ လှမ်းပစ်ကြတယ်။ ကံ​ကောင်းလို့ မထိ ကြတာ တစ်​ယောက်မှ​တော့ မထိ ကြဘူး။ ပြန်​ကွေ့ ​ပြေးရတယ် ” လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့နယ်နဲ့ မိုးဗြဲမြို့မှာ နိုဝင်ဘာလ (၁၁)ရက်နေ့ကစ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေကနေ ၁၁.၁၁ စစ်ဆင်ရေး စတင်နေတာဖြစ်ပြီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

spot_img
spot_img