spot_imgspot_imgspot_imgspot_img
Tuesday, April 1, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်း အဝေးပြေးယာဥ်ရပ်နားစခန်းကို ကယားဒေးကွင်းအနီး ပြန်လည်ဖွင့်လှစ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းက အဝေးပြေးယာဉ် ရပ်နားစခန်းကို ယခင်က နောင်ယား ရပ်ကွက်အတွင်းမှာ ထားရှိပေမယ့် ယခုမှာတော့ ကယားဒေးကွင်းအနီးမှာ ပြောင်းရွေ့ဖွင့်လှစ်ထားတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာလည်း အဝေးပြေးယာဉ်ရပ်နားစခန်းကို ကယားဒေးကွင်းအနီးမှာ ဖွင့်လှစ်တဲ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို ဌာနဆိုင်ရာဝန်ထမ်းတွေ ၊ ယာဉ်လိုင်းပြေးဆွဲသူ၊ ဒေသခံတချို့နဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေ ငြိမ်သွားတော့ ကားဂိတ်တွေက ကြည်သာယာ လမ်းမတစ်လျှောက် အဆင်ပြေသလို ဖွင့်ထားကြတာ။ ခုတော့ တစ်စုထဲ ပြန်စုလိုက်သလိုဖြစ်သွားတာပေါ့”လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြောင်းရွေ့ထားတဲ့ နေရာဟာ မြို့တွင်းအနီးအနားဖြစ်သလို စစ်ကောင်စီကင်း၊ တပ်စွဲထားတဲ့နေရာနဲ့ နီးတာကြောင့် ခရီးသွားပြည်သူတွေကို စစ်ဆေးတင်းကြပ်မှု ပိုလုပ်နိုင်တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောဆိုပါတယ်။

” အဲ့နေရာက တပ်စွဲထားတဲ့ အာ/ကာ ကျောင်း နဲ့နီးတယ်။ သူတို့တွေ ပိုပြီးစစ်ဆေးနိုင်ဖို့ နေရာပြောင်းတာပဲဖြစ်နိုင်တယ်။ “လို့ ဒေသခံတစ်ဦးက သူရဲ့အမြင်ကို ပြောပါတယ်။

လက်ရှိ ကရင်နီ – ရှမ်းပြည် ပြေးဆွဲတဲ့ ယာဉ်လိုင်း ပုံမှန် အဝင်အထွက်ရှိနေပြီး လွိုင်ကော် – တောင်ကြီး ယာဉ်လိုင်းကို လိုက်ပါစီးနင်းသူ တစ်ဦးလျှင် ၃သောင်းကျပ် ပေးရတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts