spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင််းမှာ ရေမြှင့်တက်နေဆဲဖြစ်ပြီး အလှူရှင်ပေးတဲ့ ထောက်ပံ့ငွေတွေကို လိုအပ်သူတွေ မရရှိဘူးလို့ မြို့ခံ ရေဘေးသင့်ပြည်သူတွေ ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း ရေးဘေးသင့် ပြည်သူတွေအတွက် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ၊ ခိုင်နှင်းဝေ စတဲ့ နိုင်ငံကျော် အနုပညာရှင်တွေ လာရောက် လှူဒါန်းပေးခဲ့ပေမယ့် အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေဆီ အကူအညီတွေ မရောက်ရှိဘူးလို့ မြို့ခံ ပြည်သူတွေက ပြောပါတယ်။

”အလှူရှင်ကတော့ သူမြို့ မဟုတ်တော့ သူတို့(စစ်ကောင်စီ) ပြပေးတဲ့ နေရာ ၊ ပြပေးတဲ့ စာရင်းအတိုင်းပဲ လှူခဲ့မှာပဲလေး။ ဒါပေမဲ့ ပြတဲ့ သူတွေက နီးစပ်ရာတွေ ပဲ ပြောပေးတော့ ကျမတို့ မှာ ဘာမှ မရတော့ဘူး ပေါ့။” လို့ မင်းစုရပ်ကွက်မှ ရေဘေးသင့်ပြည်သူတစ်ဦးက ပြောပါတယ်။

မင်းစုရပ်ကွက် ဟာ နှစ်စဥ် ရေကြီးမှု ခံရလေ့ရှိတဲ့ ရပ်ကွက်ဖြစ်ပြီး ယခုနှစ်မှာတော့ အဆိုးဆုံး အခြေအနေနဲ့ ရေဘေး ကြုံနေရတယ်လို့ ဆိုပါတယ်။

” သူတို့က (ခိုင်နှင်းဝေ) က စကစ (စစ်ကောင်စီ) စီစဥ်ပေးတဲ့ camp(စခန်း) တွေမှာ အဓိက လှူပေးတယ်။ camp တွေမှာ မနေဖြစ်တဲ့ ရေဘေးရှောင်တွေ ကြတော့ မရတော့ဘူး ။”လို့ ပရဟိတဆောင်ရွက်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် စီစဉ်ထားပေးတဲ့ ယာယီတည်းခိုစခန်းတွေမှာ မနေတဲ့ မြို့ပေါ်ရပ်ကွက်က ပြည်သူတွေအတွက် ခိုင်နှင်းဝေ ပရဟိတ အဖွဲ့ က လှူဒါန်းခဲ့ပေမယ့်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး နဲ့ နီးစပ်သူတွေကသာ ထုတ်ယူသွားတယ်လို့လည်း ပြောပါတယ်။

”ရေဘေးရှောင် စခန်း တွေမှာ နေတဲ့ သူတွေထဲမှာ အချို့ရဲ့ နေအိမ်တွေက အခြေအနေ အရမ်းမဆိုးပါဘူး။ အချို့ဆို သူဌေးတွေ ၊ နောက် ဝန်ထမ်းမိသားစုတွေ အပြင်မှာ နေကြတဲ့ သူတွေထဲမှာလည်း အတော်လေးကို နွမ်းပါး သူတွေပါနေတော့ သူတို့ကိုလည်း ရစေချင်ပါတယ်။ ဘာပဲ ပြောပြော လာလှူပေးတဲ့ အတွက်တော့ ဝမ်းသာရပါတယ်။” လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။

လွိုင်ကော်မြို့တွင်းက ရေဘေးသင့်ပြည်သူတွေအတွက် ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ကနေ ကျပ်သိန်း ၅၀၀၀ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို စက်တင်ဘာလ နောက်ဆုံးပတ်က လှူဒါန်းခဲ့တာဖြစ်ပါတယ်။ တစ်အိမ်ထောင်ကို ကျပ် ၁၀ သိန်း နှုန်းနဲ့ အိမ်ထောင်စု ၅၀၀ အတွက်လှူဒါန်းခဲ့တယ်လို့ ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့တွင်းမှာ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ ဘီလူးချောင်းရေ တဖြေးဖြေးမြှင့်တက်လာတာဖြစ်ပြီး နေအိမ်အများစု ရေနစ်မြှုပ်နေသလို လက်ရှိအချိန်ထိ ရေမြှင့်တက်နေဆဲဖြစ်တာကြောင့် သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts