spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်သစ်များပြုလုပ်ရန် Non-CDMများ တိုက်တွန်း

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ တချို့ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီလက်အောက်ခံ Non-CDM တွေဖြစ်တဲ့ မြို့နယ်ထွေအုပ်ကနေ အိမ်ထောင်စုစာရင်းပြင်တာတွေ၊ မှတ်ပုံတင် အသစ်ပြုလုပ်ဖို့ အစည်းအဝေးခေါ်ပြီး တိုက်တွန်းနေတာတွေ ပြုလုပ်နေတယ်လို့ လွိုင်ကော်မြို့ ဒေသခံတချို့က ပြောပါတယ်။

“ ရပ်ကွက်တွေမှာ မှတ်ပုံတင်လုပ်မယ်။ အိမ်ထောင်စုစာရင်းပြင်တာတွေလုပ်မယ်လို့ အစည်းအဝေးခေါ်ပြီးပြောတယ်။” လို့ လွိုင်ကော် နမ့်ဘော်ဝမ်ရပ်ကွက်က ဒေသခံတစ်ဦး ပြောပါတယ်။

ဒါဟာ စစ်ကောင်စီကနေ ၂၀၂၃ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

“ တချို့သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်ကောက်တဲ့ဟာမျိုးတွေမှာလည်း သူတို့လုပ်တာမျိုးတွေရှိတာပေါ့နော။ ဒါပေမဲ့ သူတို့လုပ်တဲ့ အဲဒီသန်းခေါင်စာရင်းက ဒါကသန်းခေါင်စာရင်းပါဆိုပြီးတော့ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောတာမျိုးမဟုတ်ဘူးပေါ့လေ။ အဲလိုမျိုး ဒီလွန်ခဲ့တဲ့ ဩဂုတ်လမှာစပြီးတော့ ဒီလိုမျိုး တိုးတိုးတိတ်တိတ်နဲ့ ပြင်ဆင်နေတဲ့ ပုံစံမျိုးကိုတော့ ရှိတယ်။ “လို့ သူက ပြောပါတယ်။

စစ်ကောင်စီက Non-CDM တွေကို ခေါ်ပြီး ကျေးရွာတွေမှာ လူထု ငါးယောက်၊ ဆယ်ယောက်ကို စည်းရုံးတဲ့ပုံစံနဲ့ ပြုလုပ်ခိုင်းနေတာတွေရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ လက်ရှိမှာ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းနဲ့ မဲရုံလျာထားသတ်မှတ်ချက်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

spot_img
spot_img