spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့၊ လွိုင်လင်လေး အခြေစိုက် ခမရ (၅၃၀) တပ်ကနေ လွိုင်လင်လေးမြို့အနီးတစ်ဝိုက်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးရမ်းသန်းပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စပါးရိတ်သိမ်းချိန်ကာလဖြစ်တဲ့အတွက်ကြောင့် တချို့က ညမှာ ရွာထဲ ပြန်အိပ်ကြတာ ရှိတယ်။ အဲ့ထဲမှာ သူတို့က ကြောက်ပြီးတော့မှ လက်နက်ကြီးကျချင်းချင်း ညတွင်းမှာပဲ ထွက်ပြေးကြတဲ့သူလည်းရှိတယ်။ နောက်ပြီးတော့မှ မနက်ကျမှ ပြန်တိမ်းရှောင်ကြတဲ့သူတွေလည်း ရှိတယ်ပေါ့နော။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကစပြီး အောက်တိုဘာလ ၃၁ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ကျေးရွာ အနည်းဆုံး ၅ရွာထဲ လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သား ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်ပျက်စီးမှုလည်း ရှိခဲ့ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုက အချိန်မရွေး ပြုလုပ်နေတာကြောင့် လွိုင်လင်လေး မြို့တွင်းက ဒေသခံတချို့ဟာ စိုးရိမ်ထိတ်လန့်ပြီး တိမ်းရှောင်ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“တိုက်ပွဲက လတ်တလော ထိတွေ့တိုက်ပွဲဖြစ်တယ်လို့တော့ မကြားဘူးပေါ့နော။ ဒါပေမဲ့ မနေ့ညကဆိုရင် လက်နက်ကြီးတောက်လျှောက်ပစ်တော့ တချို့ ကလေးမိခင်တွေက ကလေးငယ်တွေရှိတယ်ပေါ့နော။ ကျနော့်ဘေးမှာရှိတဲ့ အမတစ်ယောက်ဆိုရင် သူ့ကလေးကို ချီပြီးတော့မှ ငိုတယ်ပေါ့နော။ ကလေးချီပြီးတော့မှ ဘုရားစာ တောက်လျှောက်ရွတ်နေတာ သူ့ခန္ဓာကိုယ်ကလည်း တုန်နေတာ။ လက်နက်ကြီးကျတာက သူတို့နဲ့ တအားနဲ့နီးတော့ စိုးရိမ်ပြီးတော့မှ ကလေးကိုချီပြီးတော့မှ ညကြီးထွက်ပြေးနေရတယ် နောက်ထပ်ကျလာမှာကို စိုးရိမ်ပြီးတော့မှ ညကတည်းက နည်းနည်းငြိမ်တဲ့အချိန်မှာ ကလေးချီပြီး တောထဲတောင်ထဲ ပြေးကြရတယ်။” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီအခြေစိုက်တပ်တွေကနေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေထဲ ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောဆိုပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကို စစ်ကောင်စီက ထပ်မံလုပ်ဆောင်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကရုစိုက် နေထိုင်၊ သွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts