spot_imgspot_imgspot_imgspot_img
Friday, July 5, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေ များပြားနေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်ြမို့မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေ များပြားနေပြီး အများအားဖြင့် ဖျားနာပြီး နှာခေါင်းသွေးလျှံတဲ့ လက္ခာဏာတွေဖြစ်ကြတယ်လို့ လွိုင်ကော်မြို့က ပရဟိတအဖွဲ့ တစ်ခုထံကနေ သိရပါတယ်။

တစ်ရက်ကို သွေးလွန်တုပ်ကွေး ဖြစ်ပွားတဲ့ အသက် ၁၃ နှစ်အောက်ကလေး ၁၀ ယောက်ကနေ ၁၅ ယောက်ကြား ဆေးရုံကို ပို့ဆောင်ပေးရတယ်လို့ ပရဟိတ ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ခန့်မှန်းက ကျနော်တို့ တစ်ရက်ကို သွေးလွန်တုပ်ကွေးလူနာ ကလေးပဲပေါ့နော။ ကလေးကျဲကျဲကို အနည်းဆုံး ဟိုဟာလောက်ရှိမယ်ဗျ။ သွေးလွန်တုပ်ကွေး လူနာဆို သွေးလွန်တုပ်ကွေးလူနာက ကလေးကျဲကျဲကို အနည်းဆုံး ၁၀ ယောက် ၁၅ ယောက် လောက်တော့ရှိမယ်ဗျ။ ကလေးကျဲကျဲကိုလေ။ ဒါပေမယ့် သေဆုံးတဲ့ကလေးကတော့ ရှားပါတယ်။” လို့ သူက ပြောပါတယ်။

မိုးဦးရာသီကစပြီး ခြင်ကိုက်ခံရတာတွေကြောင့် သွေးလွန်တုပ်ကွေး စတင်အဖြစ်များလာနေပြီး လွိုင်ကော်မြို့ပေါ်က လူအများစုကတော့ ဆေးခန်းတွေမှာပဲ ဆေးကုသမှုခံယူကြတယ်လို့ ဆိုပါတယ်။

“မိသားစုလိုက်ဖြစ်ကြတယ်။ ကျနော်တွေ့ရတာကတော့ ဆေးခန်းတွေမှာတော့ လူပြည့်နေတာပဲ။ အပြင်းအထန်ဖြစ်တဲ့လူလောက်ပဲ ဆေးရုံသွားကြတာ။ ကျန်တဲ့လူတော့ ဆေးခန်းပြတာတို့ ကိုယ့်ကို ဆေးဝယ်သောက်တာတို့ပဲ လုပ်ကြတာ။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး စစ်ကောင်စီပိုင် သတင်းဌာနတွေမှာ ထုတ်ပြန်တာတွေမရှိပါဘူး။ ယခုနှစ်တွေမှာ ခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကို သန့်ရှင်းရေးလုပ်တာ၊ ရေကန်တွေမှာ ပိုးလောက်လန်းမပေါက်ဖွားစေနိုင်တဲ့ အဘိတ် (Abate) ဆေးမှုန့်တွေစိမ်ပေးတာတွေ မရှိဘူးလို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်နှစ်ကဆိုရင်တော့ ခြင်ပုန်းအောင်းနိုင်တဲ့ ပေါက်ဖွားနိုင်တဲ့ ခြုံတွေကို ရှင်းကြတာ ကျန်းမာရေးအဖွဲ့တွေကနေ ရေကန်တွေထဲကို ပိုးလောက်လန်းမပေါက်ပွားတဲ့ အဘိတ် (Abate) ဆေးမှုန့်တွေ လိုက်ခတ်ပေးတာမျိုးတို့ လုပ်ပေးတယ်။ ဒီနှစ်တော့ လုပ်တာမတွေ့ရဘူး။ ခြင်ပေါက်ပွားမှုနှုန်းတွေကလည်း ပိုများနေတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိသွေးလွန်တုပ်ကွေးဖြစ်ပွားသူတွေဟာ လွိုင်ကော်မြို့ပေါ်ကထက် ကျေးရွာတွေမှာ နေထိုင်သူပိုများနေတယ်လို့ ဆိုကြပါတယ်။ ယခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းဟာ ယခင်နှစ်အာဏာမသိမ်းခင်နှစ်တွေကထက် ပိုမိုများပြားနေတယ်လို့လည်း ပရဟိတအဖွဲ့တွေက ဆိုကြပါတယ်။

spot_img
spot_img

Recent posts