spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ရှိ ဈေးများ တစ်ပတ်လျှင်သုံးရက်သာဖွင့်၊ ကျန်ရက်တွင် ပိုးသတ်ဆေးဖြန်း

Author

Date

Category

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့နယ်ရှိ ဈေးများကို တစ်ပတ်လျှင် သုံးရက်သာဖွင့်တော့မှာဖြစ်ပြီး ကျန်ရက်တွေမှာ ဈေးထဲကို ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်နေတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိဦးသန်းထွန်းက ပြောပါတယ်။

တစ်ကမ္ဘာလုံးမှာပျံနှံ့နေတဲ့ ကိုဗစ် 19ကိစ္စနဲ့ပတ်သက်ပြီး ကျတော်တို့ လူတွေအသွားအလာတွေများတဲ့ဈေးတွေမှာ အဲဒီနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးဖြန်းတဲ့အစီအစဉ်တွေရှိတဲ့အတွက်ကြောင့် ဈေးတွေကို တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့တွေပဲ ဈေးဖွင့်ရက်နေ့အဖြစ် သတ်မှတ်ပြီးတော့ ကျန်ရက်တွေမှာ နေ့စဉ်ပိုးသတ်ဆေးဖြန်းမှာဖြစ်ပါတယ် လို့ ဦးသန်းထွန်းကပြောပါတယ်။

ပိုးသတ်ဆေးဖြန်းတာကို စည်ပင်သာယာရေးဝန်ထမ်းတွေသာအဓိက ဖြန်းပြီး တစ်ခါတစ်ရံ ပရဟိတအဖွဲ့တွေလည်း လာရောက်ကူဖြန်းပေးတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကြီး (တောင်ဈေး)၊ ကန္ဒရဝတီနှစ်ထပ်ဈေး ကို တစ်ပတ်လျှင် တနလာၤ၊ ဗုဒ္ဓဟူး၊ စေန စတဲ့သုံးရက်သာဖွင့်တော့မှာဖြစ်ပြီး ငါးရက်တစ်ဈေးဖြစ်တဲ့ နောင်ယာဈေးကိုတော့ ပုံမှန်အတိုင်းဆက်လက်ရောင်းချခွင့်ပြုထားပါတယ်။

ပြီးခဲ့တဲ့ မတ္လ ၃၁ရက်နေ့မှာ တစ်ပတ်လျှင်သုံးရက်သာ ပြောင်းလဲဖွင့်တော့မယ့်အကြောင်းကို ပြည်သူတွေကို တရားဝင်အသိပေးထားပြီးပဲဖြစ်ပါတယ်။

လက်ရှိမှာ သီရိမင်္ဂလာတောင်ဈေးရဲ့အပြင်ဖက်မှာ ဈေးရောင်းချခွင့်ပြုထားပြီး ပြည်သူတွေ စားသောက်ကုန်ဝယ်ယူ အဆင်ပြေဖို့ အခက်အခဲမရှိအောင် ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။

အပြင်ဆိုင်ဆိုတာက အပြင်မှာရောင်းတဲ့ဆိုင်တွေကိုပေါ့နော ဈေးထဲက ဆိုင်တွေကိုတော့ မဖွင့်ပေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်း ဝယ်ယူစားသုံးနေတဲ့သူတွေ အခက်အခဲမရှိအောင်လို့ပေါ့နော လို့ ဦးသန်းထွန်းက ဆက်ပြောပါတယ်။

ခုလို တောင်ဈေးကို တစ်ပတ်လျှင်သုံးရက်သာ ပြောင်းလဲဖွင့်တဲ့အတွက်ကြောင့် ဈေးသည်အများစုက ဈေးပိတ်တဲ့အပေါ် နားလည်မှုရှိကြသော်လည်း အချို့ဈေးသည်တွေက စားဝတ်နေရေးထိခိုက်များစိုးရိမ်တဲ့အတွက် ပူပန်နေကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts