spot_imgspot_imgspot_imgspot_img
Saturday, March 29, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့အဝင်အထွက်ပြုလုပ်သူတွေကို အားကာသိပ္ပံကျောင်း စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို Tablet နဲ့ တိုက်ဆိုင် စစ်ဆေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ လွိုင်ကော်မြို့အတွင်း အဝင်အထွက် ပြုလုပ်နေသူတွေကို စစ်ကောင်စီက လွိုင်ကော်မြို့တွင်းက အားကာသိပ္ပံကျောင်းဝန်းအတွင်းမှာ စစ်ဆေးပြီး မှတ်ပုံတင်နဲ့ သူတို့မှာ ရှိတဲ့ Tablet ထဲက အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီလိုစစ်ဆေးရာကနေ ဖမ်းဆီးခံရသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပေမယ့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

“သူတို့မှာ ပြစ်မှု စာရင်းတွေ ရှိပုံရတယ်။ မှတ်ပုံတင် ကြည့်ပြီးလို့ မသင်္ကာတာနဲ့ အဆင့်ဆင့် စစ်တော့တာပဲ။ ပြီးခဲ့တဲ့ အပတ် က CDM ဆရာမ တစ်ဦးနဲ့ အခြား CDM အမျိုးသမီး တစ်ယောက်က ဖမ်းခံရတယ်ကြားတယ်”လို့ လွိုင်ကော်မြို့အတွင်း ခရီးသွားလာနေသူတစ်ဦးကဆိုပါတယ်။

ရှမ်း – ကရင်နီအဝင် လွိုင်လင်လေးမြို့ကစပြီး လွိုင်ကော်မြို့တွင်းထိ စစ်ဆေးရေးပေါင်း ၆ ခုထိရှိပြီး ခရီးသွားပြည်သူတွေရဲ့ မှတ်ပုံတင်၊ ယာဉ်ပေါ်ပါသူတွေရဲ့ အမည်စာရင်း၊ ခရီးသွားလာရတဲ့ အကြောင်းအရင်း တွေကို မေးမြန်းတယ်လို့ ဆိုပါတယ်။

Tablet ပါအချက်အလက်တွေနဲ့ တိုက်ဆိုက်စစ်ဆေးမှုကိုတော့ အားကာသိပ္ပံကျောင်းက စစ်ဆေးရေးဂိတ်မှာ ပဲပြုလုပ်တာတွေ့ရကြောင်း မြို့ကို အသွားအလာပြုလုပ်နေသူ တစ်ဦးကပြောပါတယ်။

“Tablet ထဲမှာ စာရင်းရှိတယ် Tablet ထဲက စာရင်းနဲ့ မှတ်ပုံတင်နဲ့ တိုက်ကြည့်တယ် တိုက်ကြည့်ပြီး ဖမ်းတာ။ အဲ့နောက်ပြီး KayPay ပါ ထပ်စစ်တာ KayPay အဆက်စပ်နဲ့ ထပ်ရှာသေးတယ်။”လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင် – လွိုင်ကော်လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ၊ ပြည်သူ့စစ် (PNO) ဂိတ် စုစုပေါင်း ၁၅ ခုထည်းမနည်းရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts