spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ ယဥ်ကျေးမှု ပြတိုက်မှာရှိတဲ့ ပစ္စည်းတွေကို ထိန်းသိမ်းထားတယ်လို့ IEC ဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့က ယဥ်ကျေးမှုပြတိုက်ထဲမှာရှိတဲ့ ယဥ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပစ္စည်းတွေကို မပျောက်ပျက်သွားအောင် ထိန်းသိမ်းထားတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) က ဇူလိုင်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရိုးရာအသုံးအဆောင်၊ ရိုးရာတူရိယာ၊ ရိုးရာလက်နက် ကိရိယာ၊ ရိုးရာ အဆင်တန်ဆာပစ္စည်း၊ ဖားစည် စတဲ့ ပစ္စည်းတွေကို လုံခြုံတဲ့နေရာကို ပြောင်းရွေ့ပြီး ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့က ၁ လေးလုံး စစ်ဆင်ရေးအတွင်း ပဋိပက္ခတွေကြား ပျောက်ပျက်ဆုံးရှုံးရမည့် အရေးနှင့်ကြုံတွေ့လာရတဲ့အတွက် ပြောင်းရွေ့လိုက်တာလို့ ဆိုထားပါတယ်။

ယဥ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေဟာ လူတိုင်း မျိုးနွယ်စုတိုင်းရဲ့ ဖြစ်တည်မှုအသွင်အပြင်ကို ဖော်ပြတဲ့အတွက် ထိန်းသိမ်းဖို့လိုအပ်တယ်လို့ ယဥ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထားသူတစ်ဦးက ပြောပါတယ်။

“The heritage convention ဆိုပြီးတော့ရှိတယ်ပေါ့နော။ အဲဒီတော့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်မယ်ဆိုရင် မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ ဥပမာ church တို့ ဘုရားကျောင်းတွေ အဲဒီလိုမျိုးတွေဆိုရင် အဲဒီနေရာကို လက်နက်ကင်းမဲ့ဇုန်အဖြစ် နှစ်ဦးနှစ်ဖက်လုံးက သတ်မှတ်ရတယ်။ နောက်တစ်ခါကတော့ ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေဆိုရင်တော့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ စနစ်တကျ ရွေ့ပြောင်းပြီးတော့ ထိန်းသိမ်းထားရမယ်။ အဲဒီ သဘောတူညီချက်ကို မြန်မာနိုင်ငံက ဟိုးအစောကြီးကတည်းက ၁၉၅၆ ကတည်းက သဘောတူညီလက်မှတ်ရေးထိုးထားပြီးသားဖြစ်တယ်။ ဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်က လက်မှတ်ရေးထိုးထားတယ်ဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာနေတဲ့ တိုင်းရင်းသားတိုင်း လူမျိုးတိုင်းက ဒီဟာကို လိုက်နာဖို့ တာဝန်ရှိတယ်။”လို့ သူက ပြောပါတယ်။

သမိုင်းအစဥ်အဆက် ကရင်နီနယ်များကို အုပ်ချုပ်ခဲ့ကြတဲ့ စော်ဘွားတွေနဲ့ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများ မြတ်နိုးတန်ဖိုးထားခဲ့ကြတဲ့ မိမိတို့ရဲ့ ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှု ပစ္စည်းများ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ဖို့ ကရင်နီလူမျိုးစု၊ မျိုးနွယ်စု၊ ကရင်နီပြည် ပြည်သူပြည်သားများအားလုံးမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ IEC က ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူအိုးအိမ်၊ ပြည်သူပိုင်အဆောက်အအုံနဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးသွားတဲ့အပြင် ပစ္စည်းဖောက်ထွင်းခိုးယူခံရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်၊ နေရာအများစုကို စစ်ကောင်စီက သန့်ရှင်းရေးလုပ်နေတာရှိပြီး ယဥ်ကျေးမှုပြတိုက်နေရာကိုလည်း ရှင်းလင်းရေးတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီဘက် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts