spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ရေဘေးသင့်ပြည်သူနဲ့ မီးသတ်တပ်ဖွဲ့ဝင်အတွက် ဝေဠုကျော် ပစ္စည်းတချို့လှူဒါန်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ရေဘေးသင့်ပြည်သူတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်အတွက် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကနေ စက်တင်ဘာလ ၂၂ရက်နေ့ နဲ့ ၂၃ ရက်နေ့တွေမှာ လာရောက်ပြီး ပစ္စည်းတချို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူအတွက် စားသောက်ဖွယ်ရာအထုပ် ( ၆၆ ) ထုပ် နဲ့ အဝတ်အိတ် ( ၃၅ ) ထုပ် အပြင် မီးသတ်တပ်ဖွဲ့တွေအတွက် ဆန် ၊ ခေါက်ဆွဲခြောက် ၊ စောင် ၊ အင်္ကျီ ၊ ဒယ်အိုး ၊ ဒန်အိုး တွေပေးခဲ့ပါတယ်။ မင်းစုရပ်ကွက်က အိမ်ထောင်စု ၁၃ စုအတွက်လည်း တစ်စုကို ငွေကျပ် ၂သောင်း နှုန်း ပေးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

“အကုန်လုံးက စကစ (စစ်ကောင်စီ) လက်အောက်ကနေပဲသွားနေတာ။ တကယ်လိုအပ်သူတွေ ရရင်တော့ ကောင်းတာပေါ့။ အခုက ပေးတဲ့ဟာလည်း နီးစပ်တဲ့ သူတွေပဲရတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ရေဘေး ကယ်ဆယ်ရေးစခန်းက သာသာနာ့ဗိမာန်မှာ လူအများဆုံးပဲ။ မြို့ထဲက ရေက တရက်ရက် ပိုပိုတက်လာတယ်။ ရပ်ကွက်လိုက် ရေဘေးသင့်တဲ့ သူတွေကတော့ သာသနာ့ဗိမာန်ကော နောက် ရေမရောက်တဲ့ ရပ်ကွက်တွေမှာ သွားစုနေကြတယ်။ ရပ်ကွက်ထဲမှာ နေတဲ့အဖွဲ့က ပိုလိုအပ်တာပေါ့။ အိုးခွက်ပန်းကန်ကအစ စားသောက်ကုန်ကောပေါ့။ လှူတဲ့သူတွေကတော့ အနည်းအကျဉ်းလောက်ပဲရှိတယ်။”လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

ဝေဠုကျော် ဖောင်ဒေးရှင်းအဖွဲ့ လာတဲ့နေ့တွေမှာ လွိုင်ကော်မြို့တွင်းမှာ ရဲ ၊ စစ်သား လုံခြုံရေးယူတာ ပုံမှန်ထက် အင်အားများတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး လွိုင်ကော်မြို့တွင်းမှာ ဘီလူးချောင်းရေတဖြည်းဖြည်း မြှင့်တက်လာတာ ဖြစ်ပါတယ်။ မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မင်းစု ၊ ရှမ်းပိုင်း ၊ ဒေါနိုးကူး ၊ နမ့်ကွတ် ၊ ရွှေတောင် ၊ ဒေါတမ ၊ ဈေးပိုင်း ၊ မှုံပြာ ၊ ဒေါဥခူ ၊ လောဓမ ၊ ဓမ္မရုံ၊ မင်္ဂလာ၊ ရေနီကန်၊ ချိကယ် ၊ မိုင်းလုံးအောက်ပိုင်း စတဲ့ ရပ်ကွက်တွေနဲ့ မြို့အနီးအနားက ကျေးရွာတွေမှာလည်း နေအိမ်နစ်မြှုပ်တဲ့အထိ ရေဘေးသင့်ဒဏ်ကို ကြုံတွေ့နေရပါတယ်။

spot_img
spot_img

Recent posts