spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

ဝက်နာကျတာ‌ကြောင့် ဒီးမော့ဆိုနဲ့ ဖရူဆိုက ဝက်မွေးမြူနေတဲ့ ပြည်သူတွေရဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေး ထိခိုက်လာ၊ ဆေးဝါးကုသရေး အကူအညီရရှိဖို့ မျှော်လင့်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယခုလအတွင်း အဖြစ်များနေတဲ့ ဝက်နာကျရောဂါကြောင့် ဒီမောဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုမှာ ဆေးဝါးမကုသနိုင်တဲ့အတွက် ဝက်အသေများလာတယ်လို့ ဝက်မွေးတဲ့စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်နေရတဲ့အတွက် တစ်နိုင်တစ်ပိုင်အလုပ်အနေနဲ့ ဈေးရောင်းတာနဲ့ ဝက်မွေးတာကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေပြီး ဝက်နာကျပြီးသေကုန်တာကြောင့် မိသားစုစားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာတယ်လို့ အဆိုပါအမျိုးသမီးက အခုလိုပြောပါတယ်။

“စစ်ရှောင်တာလည်းကြာနေပြီလေ၊ အလုပ်ရှိတာက ဒီဝက်မွေးတဲ့ အလုပ်ပဲပေါ့နော်။ ဒီအလုပ်ဆို ကလေးကျောင်းရဲ့ အထောက်အပံ့ဖက်မှာရော စားဝတ်နေရေးဖက်မှာရော အပြည့်အဝမဟုတ်ချင်နေ တစ်ဝက်တော့ ကူပေးတာပေါ့နော်၊ အခုတော့ဝက်အဲ့လိုဖျားနာကြတော့ ဘာမှမတတ်နိုင်တော့ဘူးလေနော်” လို့ ဆိုပါတယ်။

စစ်ရှောင်အိမ်ခြေ ၆၀ ခန့်ရှိတဲ့အထဲမှာ သုံးပုံနှစ်ပုံလောက် ဝက်မွေးမြူကြပြီး မွေးမြူရေး သုံးပုံတစ်ပုံလောက်က ဝက်ရောဂါဖြစ်ပြီးသေသွားကြတယ်လို့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

ဒ့ါအပြင် ဖရူဆိုမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာ (၃) ရွာမှာလည်း အိမ်တိုင်းနီးပါးက ကြက်၊ ဝက်တွေကို တစ်နိုင်တစ်ပိုင် မွေးမြူလုပ်ကိုင်ကြပြီး ယခုရက်ပိုင်းအတွင်း ကြက်၊ ဝက် အနာကျ သေဆုံးနေကြတယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလို ကြက်၊ ဝက်သေဆုံးမှုများနေတာဟာ ဒေသတွင်းကွင်းဆင်းပေးနိုင်သူတွေကို ချိတ်ဆက်အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံချင်သလို၊ အကူအညီရဖို့လည်း မျှော်လင့်တယ်လို့ အဆိုပါအမျိုးသားက ဆိုပါတယ်။

“တိရိစ္ဆာန် ကုတဲ့သူတွေရှိရင် ကွင်းဆင်းစမ်းသပ်ခိုင်းချင်တာ ဘာရောဂါလဲပေါ့နော်” လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ခြမ်းက ကြက်၊ ဝက် သေဆုံးနေတာက လောပလျားလဲ၊ ဒေါခူလီ၊ ကေးလျား စတဲ့ကျေးရွာတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဝက်ရောဂါဖြစ်တာရှိပေမဲ့ တစ်နှစ်မှတစ်ကြိမ်လောက်ပဲဖြစ်ပြီး ယခုနှစ်အတွင်းမှာ သုံးကြိမ်အထိ ဝက်ရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts