spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

ဝက်မွေးမြူရေးခြံရဲ့ အညစ်အကြေးတွေက သောက်သုံးရေကန်ထဲ စိမ့်ဝင်လာတဲ့အတွက် ဒေသခံတွေစိုးရိမ်

Author

Date

Category


စိုးထိုက်အောင်

နယ်သာလန်နိုင်ငံကနေ လာရောက်ရင်းနှီးမြှပ်နှံတဲ့ အကြီးစား ပြင်သစ်ဝက်မွေးမြူရေးလုပ်ငန်းကနေ ထွက်လာတဲ့အညစ်အကြေးတွေက ပြီးခဲ့တဲ့ပတ်အတွင်းမှာ စီမံကိန်းအနီးအနားရှိချောင်းရေတွေထဲမှာ ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေစိုးရိမ်ပူပန်မှုတွေ မြှင့်တက်လာကြပါတယ်။

ပြင်သစ်၀က်မွေးမြူရေးခြံက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကလိုခူးကျေးရွာအနီးမှာ ဖြစ်ပါတယ်။
၀ကျခွံကထှကျလာတဲ့အညဈအကွေးတှဟော မိုးရေတွေနဲ့ရောပါလာတာ၊ မြေအောက်ကနေ စိမ့်ဝင်တာကနေ ရေကန်ထဲကိုဝင်ရောက်လာပြီးတော့ ရွာသားတွေအနေနဲ့ သောက်ရေအဖြစ်ရော၊ သုံးရေအဖြစ်ရော အမျိုးမျိုးအသုံးပြုနေတာဖြစ်တဲ့အတွက် ရေလာရောက်ချိုးပြီးချိန်မှာ ယားယံတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

“အစတုန်းကမတွေ့ရှိတဲ့အညစ်အကြေးကအဲ့လောက် ဆိုးကျိုးမရောက်ဘူးလို့ထင်တာပေါ့။ အခုဒီလိုမျိုးတွေ့သွားတော့ စိုးရိမ်စိတ်တော့ရှိလာတယ်။ ဒီရေကန်ကသောက်တာလဲအဲ့မှာပဲ ၊ ချိုးတာလဲအဲ့မှာပဲဆိုတော့ယားယံလာတာပေါ့။ အဲ့တော့ အခုလက်တွေ့ တွေ့ရတာကတော့ ကိုယ့်အိမ်ကလေးတွေ ရေသွားဆော့ရင် ယားလာတယ်ဆိုတော့ ခါတိုင်းနှစ်လိုမျိုးမဟုတ်ဘူး။” လို့ ဦးရှေးဖဲကပြောပါတယ်။

ထွက်လာတဲ့အညစ်အကြေးတွေက ၀ကျခွံရဲ့ အောက်ဘက် ပေ ၅၀ ၀နျးကငြျလောကျရှိတဲ့ရခြေောငျးထဲကို ၀ငျရောကျလာတဲ့အတှကျ ရေချောင်းကနေတစ်ဆင့် ပါဒေါဒူကျေးရွာမှာရှိတဲ့ရေကန်ထဲကို ၀ငျရောကျသှားတာဖွဈတယျလို့ ဒေသခံတွေကဆိုပါတယ်။

၀ကျခွံရဲ့အနောကျဘကျမှာ၀ကျခြေးတှကေို စုထားရာကနေမှ မိုးများလာတဲ့အချိန် အရည်ပျော်ကာ စိမ့်ရေကနေ မြောင်းထဲကျသွားတာဖြစ်ပြီး လက်ရှိမှာ အားလုံးကိုဖြေရှင်းပြီးသွားပြီလို့ ပြင်သစ်၀က်မွေးမြူရေးခြံမှ ခြံတာ၀န်ခံ ဒေါက်တာပြည့်ဖြိုးမောင် ကပြောပါတယ်။

“စိုက်ပျိုးရေးကလူကိုပေးဖို့အတွက် ကျနော်တို့ ၀ကျခြေးအိတျတှေ စုစုထားတာလေ။ တစ်နေ့ကို ၁၀အိတ်ရလဲ ၁၀အိတ် စုစုထားတဲ့ဟာလေးကနေပြီးတော့ မိုးရေက အဲ့အောက်ထွက်သွားတဲ့ခါကျတော့ ရေကနှောက်ကျိကျိ အရောင်ဖြစ်သွားပြီးတော့။ ကျနော်တို့ နောက်ထပ်ခြံထောင့်မှာ သွားစုနေတာ။ သွားစုနေတဲ့အခါကျတော့ အဲ့ဒီရေက တဖြေးဖြေးနဲ့ ရေကတအားနဲ့မသိပ်သည်းတဲ့အတွက် အဲ့ကနေစိမ့်ကျပြီးတော့ မြောင်းထဲကိုပါသွားတာပေါ့နော်။ နည်းနည်းလေး။ အဲ့တာကိုကျနော်တို့ အခုလုပ်ပြီးသွားပြီဗျ။ အကုန်လုံးဖြေရှင်းပြီးသွားပြီဗျ။” လို့ တာ၀န်ခံဒေါက်တာပြည့်ဖြိုးမောင်က ပြောပါတယ်။

ပါဒေါဒူကျေးရွာမှာနေထိုင်တဲ့သူတွေအားလုံးက မိုးရာသီမှာ မိုးရေကိုသာအဓိကသောက်သုံးကြတာဖြစ်ပေမယ့် နွေရာသီအချိန်တွေမှာဆိုရင် တစ်ရွာလုံးနီးပါးက ရွာရေကန်က ရေကိုသာ အဓိကသောက်သုံးနေကြတာ ဖြစ်ပါတယ်။

အဆိုပါ ပြင်သစ်၀က်မွေးမြူရေးစီမံကိန်းကို De Heus Myanmar Co.Ltd က ဒေါကလိုးခူကျေးရွာအနီးမှာရှိတဲ့ မြေဧက ၁၀ ဒသမ ၇၇(၁၀ဧကခွဲကျော်)ပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၈၁၉သန်း ရင်းနှီးမြုပ်နှံထားတဲ့ အရှေ့တောင်အာရှအကြီးဆုံး ၀ကျမှေးမွူရေးစီမံကိနျးတဈခု ဖြစ်ပါတယ်။

စတင်မွေးမြူခဲ့ချိန်မှာ ပြင်သစ်၀က်အမ ၂၅၀ကောင်နဲ့ အထီး ၂၁ကောင်တို့ကို မွေးမြူထားပြီး သားပေါက်တွေကို ရှမ်းပြည်နယ်သို့ တင်ပို့နေပြီဖြစ်တယ်လို့ သိရပါတယ်။ ကယားပြည်နယ်ကို လွန်ခဲ့တဲ့နှစ် ၂၀၁၉ခုနှစ် သြဂုတ်လ ၂၇ရက်နေ့မှာ စတင်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

စက်ရုံကိုတည်ဆောက်ပြီး ၁-၂နှစ်အတွင်းမှာတောင် ဒီလိုအညစ်အကြေးတွေ ထွက်လာတာဖြစ်တဲ့အတွက် နှစ်တွေကြာလာရင် အနီးနားပတ်ဝန်းကျင်က လူတွေရဲ့ကျန်းမာရေးအခြေအနေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို စိုးရိမ်နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

“ဒါသူတို့လူကြီးတွေအချင်းချင်း စီမံခန့်ခွဲမှုတွေ၊ သူတို့ရဲ့ ခွင့်ပြုချက်အရ၊ အထက်လူကြီးတွေ ခွင့်ပြုချက်ရလို့ သူတို့ကစီမံကိန်းချတယ်၊ မွေးမြူရေးတွေလုပ်တယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းက ဒါကအခုမှစဖြစ်တဲ့ အတိုင်းအတာတစ်ခု ၁-၂နှစ်အတွင်းကို ဒီလောက်ခံစားနေရတယ်ဆိုတော့ သူတို့ရဲ့ရေရှည်စီမံကိန်း ၁၅- ၂၀နှစ်၀န်းကျင်ဆိုရင် ကျနော်တို့ကျန်းမာရေးအတွက်ရော ဘယ်လောက်တောင် စိုးရိမ်မှုရှိနိုင်မလဲပေါ့။
ဘယ်လောက်အတိုင်းအတာ ထိရောက်သွားနိုင်မလဲပေါ့။” လို့ ဒေါပေါ်ကလဲကျေးရွာသား ကိုဖရန်စစ်စကိုကပြောပါတယ်။

ဝက်ခြံကိုစတင်ဆောက်လုပ်စဉ်ကတည်းက ကုမ္ပဏီအနေနဲ့ ဝက်ခြံကနေ အနံ့အသက်တွေ၊ အညစ်အကြေးတွေ မထွက်စေရဘူးလို့ ပြောထားပေမယ့် ဝက်ခြံကနေ အညစ်အကြးတွေအပြင် အနံ့ အသက်တွေက ဘေးနားမှာရှိတဲ့ ဒေါကလိုးခူကျေးရွာ၊ ဒေါပေါ်ကလဲကျေးရွာနဲ့ ပါဒေါဒူကျေးရွာတွေအထိ လေသင့်တဲ့အချိန်တွေမှာ အနံ့တွေရနေတယ်လို့ ကျေးရွာသုံးရွာမှာရှိတဲ့ဒေသခံတွေက ဆိုကြပါတယ်။

ဒေါပေါ်ကလဲကျေးရွာမှ ရွာမိရွာဖ ဦးဂျီ၀င်းက “ဒီမိုးရောက်တော့ မြောင်းထဲထပ်ဆင်းလာတာနဲ့ ရေဆိုမဲနက်နေတယ်လေ။ ဒါဆိုဘယ်လိုပဲဖြစ်ဖြစ် အန္တရယ်များသွားပြီလို့တော့ သိလိုက်ရတာပေါ့နော်။” လို့ ပြောပါတယ်။

ပတ်၀န်းကျင်ကို ယိုစိမ့်ခြင်းမရှိအောင် ခြံထဲမှာပဲ ကျင်းတူးပြီးလုပ်လိုက်တာအဆင်ပြေသွားပြီလို့ ဒေါက်တာပြည့်ဖြိုးမောင်ကပြောပါတယ်။

“ကျနော်ခြံထဲမှာပဲကျနော့်ဟာကျနော် အကုန်လုံးခတ်ပြီးတော့ ကျင်းတူးပြီးတော့ လုပ်လိုက်တာဗျ။ အဆင်ပြေသွားပြီဗျ ။ အခုပတ်၀န်းကျင်ကို ယိုဈိမျ့ခွငျးဘာတဈခုမှ မရှိတော့ဘူးဗျ။” လို့ ပြောပါတယ်။

၂၀၁၈၊ မေလ ၂၆ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုဖိုရမ် ကျင်းပလုပ်ပြီးတဲ့နောက်မှာ ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီကနေ ခွင့်ပြုပေးခဲ့တဲ့ ပြင်သစ်၀က်မွေးမြူရေးစီမံကိန်းကို သက်တမ်း ၅၀နှစ်၊ ၁၀နှစ် (၂)ကြိမ်သက်တမ်းတိုးသတ်မှတ်ထားပြီး နှစ်ပေါင်း ၇၀ ၀နျးကငြျဆောငျရှကျသှားမယျ့ နှစ်ရှည်စီမံကိန်းကြီးတစ်ခု ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts