spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဝယ်ဒူလျားစစ်ရှောင်တွေ ထပ်မံစစ်ရှောင်ရာကနေ နေရာဟောင်းက စစ်ရှောင်စခန်းကို ပြန်လာ၊ စာသင်ကျောင်းပြန်ဖွင့်နိုင်ဖို့ကြိုးစား

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက ဝယ်ဒူလျား စစ်ရှောင်စခန်းကနေ တိုက်ပွဲတွေကြောင့် ထပ်မံ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်မှာ နေရာဟောင်း စစ်ရှောင်စခန်းကို ပြန်လာနေကြတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုဘက်က မိန်းလမ်းမကြီးတကြောမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး အများအပြား ပစ်ခတ်တာတွေကြောင့် ဝယ်ဒူလျားစစ်ရှောင်တွေ ထပ်ဆင့် စစ်ဘေးရှောင်နေခဲ့ကြတာဖြစ်ပါတယ်။

ယခု ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ငြိမ်သွားတာကြောင့် ထပ်ဆင့်စစ်ရှောင်ပြီး နှစ်လကျော်အကြာမှာ စစ်‌ရှောင်စခန်းဟောင်းကို ပြန်လာနေထိုင်နိုင်ကြတာတာဖြစ်ပါတယ်။

” ပြန်တော့လာကြပြီ၊ ဟိုဟာ ဒီနေရာဟောင်းကို၊ နည်းနည်‌လေးရေပိုအဆင်ပြေမယ့်နေရာ ပြန်ပြီးရွှေ့လာကြပြီပေါ့၊ ပြီးခဲ့တဲ့အရေးပေါ် အခြေအနေတုန်းကတော့ အကုန်လုံးသွားပုန်းနေကြတာပေါ့။ နောက်တဆင့်ပေါ့ အခုကျတော့ ပြန်လာပြီဆိုတော့ နည်းနည်းပါးပါး လုပ်ကိုင်စားသောက်လို့ရမဲ့ တောင်ယာလက်ကျန်တချို့ ပြန်လာသိမ်းဖို့၊ ပြန်လာကြတာလည်း အရဲစွန့်ပြီး ပြန်လာကြတာ‌ပေါ့။ လောလောဆယ်ကတော့ အခြေအနေက ဘာမှန်းတော့မသိသေးဘူးပေါ့‌လေး။ အကုန်လုံးကတော့ အဲ့ဒါ အဆင်ပြေမယ် ထင်တဲ့နေရာ အရဲစွန့်ပြီးအကုန်လုံးတော့ ပြန်လာကြပြီ။ ” လို့ ဝယ်ဒူလျားစစ်ရှောင်စခန်း ရဲ့ တာဝန်ခံတဦးကပြောပါတယ်။

ဝယ်ဒူလျားစစ်ရှောင်တွေ ထပ်မံတိမ်းရှောင်တဲ့ နေရာသစ်မှာ ရေရှားပါးတဲ့အပြင် နေရာထိုင်ခင်း အဆင်မပြေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

” နောက်သူတို့ လောလောဆယ် နေထိုင်တာက ကိုယ့်တဲဟောင်းမှာပဲပြန်လာနေတော့ အရင်ထက်တော့အဆင်ပြေတယ်လို့ပဲပြောရမှာပေါ့နော၊ အဆင်မပြေသည့်တိုင်အောင်လည်း အဆင်ပြေတယ်လို့ပဲပြောရမှာပေါ့။” လို့ စစ်ရှောင်စခန်းတာဝန်ခံတဦးကပြောပါတယ်။

ဒါ့အပြင် ထပ်မံ ရှောင်တိမ်းစဉ်ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းကိုလည်း နေရာဟောင်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

” ဒီမိဘတွေကတော့ တိုင်ပင်တော့ ဖွင့်ဖို့ အလားအလာတော့ ရှိတယ်၊ ဒါပေမယ့် မဖွင့်ရဲသေးဘူးပေါ့နော၊ လောလောဆယ်။ ” လို့ စစ်ရှောင်စခန်းတာဝန်ခံက ဆက်ပြောပါတယ်။

ကျောင်းသားမိဘတွေကတော့ ခက်ခဲနေတဲ့ ကာလဖြစ်ပေမဲ့ မိမိတို့ရဲ့ သားသမီးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးမှာကို စိုးရိမ်နေကြတယ်လို့လည်းဆိုပါတယ်။

ဝယ်ဒူလျားစစ်ရှောင်စခန်းမှာ မိသားစု ၁၅၅ စု၊ လူဦးရေ ၇၀၀ ကျော်ဝန်းကျင်ရှိပါတယ်။

spot_img
spot_img

Recent posts