spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

သံတောင်ကြီးမြို့ နယ် ဝါသောခိုရွာမှာ တိုက်ပွဲပြင်းထန်နေပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ဝါသောခိုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူကိုပါ အသုံးပြုတိုက်ခိုက်နေတာကြောင့် ရွာခံတွေက ကြောက်လန့်ပြီး တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ ဟိုအခြားနေရာတို့ ထွက်ပြေးတဲ့ အဖွဲ့က တစ်ဖွဲ့ ၊ သုံးဖွဲ့လေးဖွဲ့တော့ရှိတယ် အရေအတွက်ကပြောလိုမရသေးဘူးဗျာ။ အဓိက ကတော့ ပြောချင်တာက ဝါသောခိုဘက်မှာ ဝါသောလခိုဆိုတာ ကရင် သံတောင်မြို့အစွန်ဆုံးရွာ။ အဲ့ဒီအနောက်ဘက်မှာ ၅ မိနစ် ၁၀ မိနစ်လောက်သွားတယ်။ ဖရူဆိုအနောက်ခြမ်း ကာပရူးရွာတို့တွေပေါ့နော်။ အဲ့ဒီကာပရူးရွာတွေကအစ အ့လိုထွက်ပြေးရတာပေါ့။ ခုနက ကျနော်ပြောသလို တချို့က တောအိမ်ထဲမှာနေတယ်။ ကျောက်ဂူထဲမှာနေတဲ့သူလဲရှိတယ်။ ကိုယ့်အိမ်ကို ရိက္ခာတွေယူပြီးတော့ တချို့တွေက မလုံခြုံလို့ဆိုပြီး ဟိုဘက် ဟိုယာတို့ ပလေယာတို့ ဖရူဆိုတို့ ထွက်ပြေးတဲ့သူရှိတယ်” လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ဦးဖိုးဇော်က ပြောပါတယ်။

အဆိုပါ ဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဝါသောခိုကျေးရွာအပြင် အနီးနားကျေးရွာက ရွာခံတွေဟာလည်း နယ်မြေချင်းနီးစပ်တဲ့ ကရင်နီပြည် ထဲက ဒီးမော့ဆို၊နဲ့ ဖရူဆိုမြို့နယ်အတွင်းနဲ့ ဆီးဘူးဒေသဖက်မှာ ဝင်ရောက် စစ်ရှောင်နေကြလို့ စစ်ရှောင်ကူညီသူ ဦးဖိုးဇော်က ဆက်ပြောပါတယ်။ ဒါ့အပြင် တောတောင်ထဲမှာလည်း တိမ်းရှောင်နေရသူရှိပြီး အသုံးအဆောင်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာ ဝါသောခိုကျေးရွာအပြင် ယာဒိုကျေးရွာနဲ့ အနီးအနားတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေယာဉ်တွေလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာခံတွေရဲ့ နေအိမ် ၃၀ကျော် ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts