spot_imgspot_imgspot_imgspot_img
Thursday, October 17, 2024
spot_imgspot_imgspot_imgspot_img

သံလွင်မြစ်ဘေးက လူနည်းစု “ယင်းတလဲ” လူမျိုးစုတွေရဲ့ လူနေမှုဘဝများ

စောအယ်ကညော / ကန္တာရဝတီတိုင်း ( မ် )

ကရင်နီလူမျိုးစု တွေထဲမှာ “ယင်းတလဲ “လူမျိုးစု တွေဟာ လူဦးရေ အနည်းငယ်သာ ကျန်ရှိနေတဲ့လူမျိုးဖြစ်ပါတယ်။ သူတို့ဟာ ကရင်နီပြည်၊ ဘောလခဲ ခရိုင်ထဲ မှာရှိတဲ့ ရွာငယ်လေးတစ်ခုမှာ အများဆုံးနေထိုင်ကြပါတယ်။

အာဏာသိမ်းကာလအတွင်းမှာတော့ စစ်ပွဲဖြစ်ပွားမှုတွေကြောင့် သံလွင်မြစ်နံဘေးတစ်နေရာကို တိမ်းရှောင်ခဲ့ရင်း တံငါအလုပ်၊ ရာသီအလိုက် နှမ်း ၊ ပြောင်းကောက် စတဲ့အသီးအနှံတွေကို စိုက်ပျိုးလုပ်ကိုင်ကြသလို တနိုင်တပိုင် မွေးမြူရေးအလုပ်ကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။

စစ်ကောင်စီအာဏာမသိမ်းခင်ထိတော့ အဲ့ဒီ ဘောလခဲမြို့နယ်ထဲက သူတို့ရဲ့ ယင်းတလဲ ရွာလေးမှာပဲ သူတို့လူမျိုးစုရဲ့ ကိုယ်ပိုင်ရိုးရာ ဓလေ့တွေနဲ့ပျော်စရာ အလွန်ကောင်းပြီး သာယာ လွန်းလှတဲ့ ရွာလေးတစ်ရွာ ဖြစ်ခဲ့ပါတယ်။

Covid ကပ်ရောဂါဖြစ်ပွားပြီးနောက် ယင်းတလဲ လူမျိုးစု တွေဟာ သူတို့ရိုးရာဓလေ့တွေကို ယခင်ကလို စည်စည်ကားကာား မကျင်းပနိုင်တော့ပါဘူး။

၂၀၂၁ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှာလည်း အိမ်ခြေ ၆၀၀ ခန့်သာ ရှိတဲ့ သူတို့ရဲ့ ရွာလေးကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာမှာနေထိုင်ကြတဲ့ ယင်းတလဲ လူမျိုးစု အားလုံးဟာ သံလွင်မြစ်ရဲ့ အထက်ဖက်သို့ ဆန်တက်ကာ ရွာနဲ့ဝေးရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲမှုမှာ ယင်းတလဲ ရွာထဲက နေအိမ် ၂လုံးမီးလောင်ပြာကျကာ ၆လုံးထိခိုက်ပျက်စီးခဲ့တဲ့ အပြင် အသက် ( ၅၆)အရွယ်အမျိုးသားတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ ရပါတယ်။

အခုအချိန်မှာတော့ လူနည်းစုသာ ကျန်တော့တဲ့ ယင်းတလဲ လူမျိုးစုတွေဟာ သံလွင်မြစ် နံဘေးမှာ မိုးကာတဲထိုးပြီး နေနေကြတာရှိသလို တချို့ကတော့ ထိုင်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေထိုင်ကြရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ (၁၀)ရက်နေ့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ သံလွင်မြစ်ရေ မြှင့်တက်လာခဲ့တာကြောင့် သံလွင်မြစ်နံဘေးမှာ နေထိုင်ကြရတဲ့ ယင်းတလဲလူမျိုးစုတွေ စိုက်ပျိုးထားတဲ့ နှမ်းခင်း ၊ ပြောင်းကောက်နဲ့ သီးနှံ စိုက်ခင်းတွေ ရေနှစ်မြုပ်ပျက်စီးခဲ့ရပါတယ်။

ဒါကတော့ ယင်းတလဲလူကြီးတွေရဲ့ ခန့်မှန်းပြောဆိုချက်အရ လူဦးရေ (၈၀၀)ဝန်းကျင်ခန့်သာ ကျန်ရှိတော့တဲ့ ယင်းတလဲ လူမျိုးစုတွေရဲ့ အခုကာလမှာ နေထိုင်ရုန်းကန်နေကြရတာတွေကို သွားရောက် ရိုက်ကူးမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

spot_img
spot_img