spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

အကျင့်စာရိတ္တနှင့် စည်းကမ်းရှိတတ်စေရန် အမှိုက်ကောက်သည့် စနစ်ပြုလုပ်

Author

Date

Category

ဖဲဘူး

ကျောင်းပညာသင်ခန်းစာအပြင် လက်တွေ့တွင် ကျောင်းသူ/သားများ၏ အကျင့်စာရိတ္တနှင့် စည်းကမ်း အမူအကျင့်များရရှိစေရန် ့ ရည်ရွယ်ပြီး ပတ်ဝန်းကျင်ရှိ အမှိုက်များကို လိုက်ကောက်သည့် စနစ်ကို ဒီးမော့ဆိုမြို့ တွင်ရှိသည့် ဆယ်သဲလေ့လာသင်ယူရေးဆုံရပ်ကျောင်းက ပြုလုပ်လျက်ရှိသည်။

ကျောင်းသင်ခန်းစာအတွင်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်ကို ထည့်သွင်းသင်ကြားလျက်ရှိပြီး လက်တွေ့တွင်လည်း ကျောင်းသူ/သားများက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေသည့် အမှိုက်များကို စနစ်တကျစွန်ပစ်တတ်စေရန် ယခုလိုဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်သည့် ခူးကြားရယ်က ပြောသည်။

“တခါတလေဆိုတော်တော်များများအမှိုက်ကိုဘယ်လိုစွန့်ပစ်ရမလဲဆိုတာသင်ခန်းစာထဲမှာတော့အများကြီးပဲ။ဒါပေမဲ့စွန့်ပစ်နေကြတာပဲ။အဲအပေါ်မှာကျောင်းသားတွေကစနစ်တကျစွန့်ပစ်မယ်လို့မျှော်လင့်တယ်။ကျွန်တော်လည်းကိုယ်တိုင်လိုက်သွားတယ်။သူတို့ ကောက်သွားလိုက်ခြင်းဖြင့်အော.. နောက်တခေါက်ကျရင်သူတို့အတွေးထဲမှာအမှိုက်ကိုစနစ်တကျဘယ်လိုထားရမယ်လဲဆိုတာချက်ချင်းဝင်သွားလိမ့်မယ်။” ဟု ခူးကြားရယ်က ပြောသည်။

ခုလိုအမှိုက်ကောက်ရတဲ့ ရည်ရွယ်ချက်ဟာလည်း ပတ်ဝန်းကျင်မှာရှိနေသည့် မိဘပြည်သူတွေကိုအမှိုက်နှင့် ပတ်သက်ပြီးစနစ်တကျစွန့်ပစ်ရန် အတွက်စံနမူနာလုပ်ပေးသည့်အနေဖြင့်လည်း လုပ်ရည်ဟု ပထမနှစ်ကျောင်းသူ မကီးမြာက ပြောသည်။
“တခြားမပြောသေးနဲ့။ ကိုယ့်မိသားစုထဲမှာတောင်မှ အမှိုက်ဆိုဖြစ်သလိုပဲ စွန့်ပစ်ထားတာပေါ့နော။ အဲဒါကြောင့် ဒီကျောင်းရောက်လာမှပဲ အမှိုက်ကို ဘယ်လိုစွန့်ပစ်ရမလဲဆိုတာ၊ စနစ်တကျဘယ်လိုထားရမလဲဆိုတာ သိပြီပေါ့နော။ အဲဒါကြောင့်ပြောင်းလဲလာတာပေါ့နော။” ဟု မကီးမြာက ပြောသည်။

ဆယ်သဲလေ့လာသင်ယူရေးဆုံရပ်ကျောင်းသည် ကယား(ကရင်နီ)ပြည်နယ်အတွင်း ရှိ ကျောင်းပညာရေး ဆက်လက်သင်ကြားရန် အခွင့်အလမ်း အခက်အခဲရှိသည့် ကျောင်းသူ/သားများကို ပညာသင်ကြားပေးလျက်ရှိသည်။

spot_img
spot_img
spot_img

Recent posts