spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးထားတဲ့ပြည်သူများကို လက်ပြန်ကြိုးတုပ်ပြီး လူသားဒိုင်းကာပြုလုပ်နေ

ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်နယ်အတွင်း ဩဂုတ်လ ၂၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးထားတဲ့ပြည်သူအချို့ကို လက်ပြန်ကြိုးတုပ်ပြီး လူသားဒိုင်းကာပြုလုပ်ကာ ဖရူဆို-ဒီမော့ဆို- လွိုင်ကော်မြို့ လမ်းမကြီးအတိုင်း ချီတက်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ဖမ်းခေါ်လာတယ်သူက စစ်ဝတ်စုံဝတ်ခိုင်းတယ်။ ဒါပေမယ့် ကြယ်သီးတော့မတပ်ထားဘူး။ ဘောင်းဘီကရိုးရိုးအရပ်ဝတ်ပဲ လက်ပြန်ကြိုးတုပ်ထားတယ်။ လူငယ်လူလတ်ပိုင်းထင်တယ် ပိန်ပိန်ပါးပါးပဲ။ တပ်က ဝန်းရံပြီးသွားတယ် သေနတ်တွေနဲ့ ထွက်ပြေးမှာစိုးလို့ထင်တယ်။ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ဒီမော့ဆိုမြို့မှာပဲတွေ့တယ်။ တပ်အင်အားက ၅၀ကျော်ပဲ ၁၀၀ တော့မရှိနိုင်ဘူး။ ပစ္စည်းတွေက ကားအဖြူနဲ့တင်သွားတယ် သူတို့အထုပ်အပိုးတွေ။ လို့ ဒေသခံတစ်ဦးက တွေ့ရှိချက်ကို ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

လူသားဒိုင်းကာ ပြုလုပ်ခံရတဲ့ပြည်သူ ၁၀ယောက်ဝန်းကျင်ရှိပြီး လက်ပြန်ကြိုးတုပ်ထားကာ စစ်ဝတ်စုံဝတ်ခိုင်းထားတာရှိသလို အရပ်သားဝတ်စုံဝတ်ထားတဲ့သူရှိတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားတဲ့ ပြည်သူများမှာ လူငယ်လူလတ်ပိုင်းအပြင် သက်ကြီးအရွယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆို အရှေ့ခြမ်းမှ အရပ်သားပြည်သူအချို့ကို လမ်းကြောင်းမှာ လူသားဒိုင်းကာပြုလုပ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ဓါတ်ပုံ – CJ
ဓါတ်ပုံ – CJ
spot_img
spot_img