အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးထားတဲ့ပြည်သူများကို လက်ပြန်ကြိုးတုပ်ပြီး လူသားဒိုင်းကာပြုလုပ်နေ
ကန္တာရဝတီတိုင်း(မ်)ကရင်နီပြည်နယ်အတွင်း ဩဂုတ်လ ၂၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးထားတဲ့ပြည်သူအချို့ကို လက်ပြန်ကြိုးတုပ်ပြီး လူသားဒိုင်းကာပြုလုပ်ကာ ဖရူဆို-ဒီမော့ဆို- လွိုင်ကော်မြို့ လမ်းမကြီးအတိုင်း ချီတက်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖမ်းခေါ်လာတယ်သူက စစ်ဝတ်စုံဝတ်ခိုင်းတယ်။ ဒါပေမယ့် ကြယ်သီးတော့မတပ်ထားဘူး။ ဘောင်းဘီကရိုးရိုးအရပ်ဝတ်ပဲ လက်ပြန်ကြိုးတုပ်ထားတယ်။ လူငယ်လူလတ်ပိုင်းထင်တယ် ပိန်ပိန်ပါးပါးပဲ။ တပ်က ဝန်းရံပြီးသွားတယ် သေနတ်တွေနဲ့ ထွက်ပြေးမှာစိုးလို့ထင်တယ်။ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ဒီမော့ဆိုမြို့မှာပဲတွေ့တယ်။ တပ်အင်အားက ၅၀ကျော်ပဲ ၁၀၀ တော့မရှိနိုင်ဘူး။ ပစ္စည်းတွေက ကားအဖြူနဲ့တင်သွားတယ် သူတို့အထုပ်အပိုးတွေ။ လို့ ဒေသခံတစ်ဦးက တွေ့ရှိချက်ကို ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ လူသားဒိုင်းကာ ပြုလုပ်ခံရတဲ့ပြည်သူ ၁၀ယောက်ဝန်းကျင်ရှိပြီး လက်ပြန်ကြိုးတုပ်ထားကာ စစ်ဝတ်စုံဝတ်ခိုင်းထားတာရှိသလို အရပ်သားဝတ်စုံဝတ်ထားတဲ့သူရှိတယ်လို့လည်း ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားတဲ့ ပြည်သူများမှာ လူငယ်လူလတ်ပိုင်းအပြင် သက်ကြီးအရွယ်တွေလည်း … Continue reading အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးထားတဲ့ပြည်သူများကို လက်ပြန်ကြိုးတုပ်ပြီး လူသားဒိုင်းကာပြုလုပ်နေ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed