ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သားများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများအပြင် အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဘယ်ခြေအနေထိ ရောက်ရှိနေပါသလဲ။ အရေးယူဆောင်ရွက်နိုင်ဖို့ ဘယ်သူတွေက ဘာတွေ လုပ်ဖို့ လိုအပ်နေပါသလဲ စတဲ့ အချက်တွေကို မိမိတို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ လစဉ် စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးတင်ဆက်ထားပါတယ်။
ဦးဆောင်ဆွေးနွေးသူ – မော်ဦးမြာ
ပါဝင်ဆွေးနွေးသူများ
ဦးဗညား – ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ
ကိုပီတာ – ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ သတင်းနှင့်ပြန်ကြားရေး
ဒေါ်ငါးမြာ – စစ်ဘေးရှောင်ပြည်သူ ( ဖမ်းဆီးခံရသူ လူငယ်တစ်ဦးရဲ့ မိခင်)
အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။