ကန္တာရဝတီတိုင်း(မ်)
နယ်သာလန် နိုင်ငံအခြေစိုက် De Heus Myanmar Co.,Ltd မှ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာနှင့် (၁)မိုင်ကျော်မှာအကြီးစား အကြီးစားဝက်မွေးမြူရေးစီမံကိန်းမှာ အနံ့အသက်မထွက်အောင် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ ၎င်းဝက်မွေးမြူရေးစီမံကိန်းမှ မန်နေဂျာ Vanessa က ပြောပါတယ်။
“ဒီအနံ့နဲ့ပတ်သတ်ပီးတော့ဒေသခံတွေကပြောတာတော့ရှိတာပေါ့နော။ အဲ့ဒါကိုဖြေရှင်းပေးဖို့အတွက်ကျတော်တို့ခြံရဲ့ပတ်ဝန်းကျင်မှာဒီအပင်တွေစိုက်ခိုင်းတော့လဲ ကျတော်တို့အပင်တွေစိုက်ထားပါတယ်၊ ဝါးရုံပင်ေတွေ၊ ငှက်ပျောပင်တွေ၊ တခြားအပင်တွေလဲ စိုက်ထားပါတယ်။ ဒီအနံ့နဲ့ကိုလုံးဝမထွက်အောင်တော့တာဝန်ယူလို့မရဘူးပေါ့နော်။” လို့ Vanessa က ပြောပါတယ်။
အနံ့မထွက်အောင် စက်ဖြင့်အသစ်တခုအနေနဲ့ပြန်လည်ထိန်းသိမ်းဖို့ ပြန်လည်တည်ဆောက်ဖို့စတာတွေကို (Recycle) လုပ်ဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။
လက်ရှိဝက်မွေးမြူရေးခြံမှာ ဝက်အကောင်ရေ ၂၆၅ ကောင်မွေးမြူထားပြီး ဝက်ခြံတည်ဆောက်တဲ့ စာရိတ်မှာ ဒေါ်လာ ၃ Million ကုန်ကျထားပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဝက်တွေက ပြင်သစ်ဝက်တွေဖြစ်တဲ့အတွက် ပြင်သစ်ရာသီဥတုလို မွေးမြူထားရတာဖြစ်ပေမယ့်လို့ ဒီခြံကနေ မွေးတဲ့ဝက်တွေကတော့ ဒီဒေသက ရာသီဥတုနဲ့တော့ ကိုယ်ညီအောင်မွေးလို့ရတယ်လို့ဆိုပါတယ်။
၎င်းစီမံကိန်းကြီးက ပြည်နယ်အစိုးရနှင့် နှစ် ၅ဝ ချုပ်ဆိုထားသည့် နှစ်ရှည်စီမံကိန်း ခွင့်ပြုထားတာဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တစ်ခုဖြစ်တဲ့ အကြီးစား ဝက်မွေးမြူရေးလုပ်ငန်း စီမံကိန်းသည် လေထုညစ်ညမ်းမှုရှိနေ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆို ဝေဖန်မှုတွေရှိနေကြတာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်မထိခိုက်မှုတွေ၊ လူမှုရေးဆိုင်ရာပဋိပက္ခအတွက်ကို ပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်နစ်နာမှုဆိုင်ရာ စစ်တမ်း (EIA/SIA) ပြုလုပ်တာတွေ သေသေချာချာမရှိဘဲခွင့်ပြုခဲ့မှုတွေကြောင့်မို့လို့ ဒီလိုမျိုးအနံ့ဆိုထွက်လာမှုတွေ၊ ဖြတ်သန်းသွားလာမှုတွေ ကုမ္ပဏီက ကန့်သတ်လာမှုကို ပေါ်ပေါက်လာရတယ်လို့ Lain Technical Support Group Board Member ဆရာကျော်ထင်အောင်က ပြောပါတယ်။
“အဲဒါကြောင့် ကျနော်တို့ကတော့ လူထုတွေအပေါ်မှာ အနံ့မခံနိုင်ဘူး။ သူတို့အတွက် သွားလာမှုတွေက မလွတ်လပ်တော့ဘူး။နောက်ပိုင်း သူတို့တွေရဲ့ရွာတွေကတိုးပွားလာတယ်ဆိုရင် ရွာတွေချဲ့မယ်ဆိုရင်တောင်မှ ချဲ့ဖို့အတွက်က မြေနေရာအကန့်အသတ်တွေ ဖြစ်သွားပြီအဲဆိုတော့ ဒီလိုမျိုး ရင်ဆိုင်နေရတာတွေကို အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့တိုက်တွန်းတောင်းဆိုပေးဖို့ဒါကိုထိန်းကျောင်းပေးနိုင်ဖို့ အတတ်နိုင်ဆုံး ဒီဥစ္စာကို ပြန်လည်ရုတ်သိန်းပေးတဲ့အထိပါတောင်းဆိုလာတဲ့အတွက်ကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေကနေပြီး ဒီအပေါ်မှာ လေ့လာသုံးသပ်မှုတွေ၊တွေ့ဆုံမေးမြန်းမှုတွေ ၊ လုပ်ပြီး တော့မှကို ကျနော်တို့တွေက ဒီအပေါ်မှာကို ကန့်ကွက်မှုနဲ့ဒီအပေါ်မှာ စုံစမ်းစစ်ဆေးမှုရယ် ဒီအပေါ်မှာ နဂိုမူလက ပွင့်လင်းမြင်သာမှုမရှိခဲ့လို့ EIA/SIA အားမကောင်းခဲ့မှုအပေါ်မှာ ကုမ္မဏီကော အစိုးရကော ဖြေရှင်း ပေးမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိဖို့တွေကို ကျနော်တို့ တောင်းဆိုရခြင်းပဲဖြစ်တယ်။” လို့ ဆရာကျော်ထင်အောင်ကပြောပါတယ်။
ယခုလုပ်ဆောင်နေတဲ့ ဝက်မွေးမြူရေး စီမံကိန်းကြီးက အလုံပိတ် (air-con)စနစ်ဖြင့် ရောဂါပိုးမွှားများ အလွယ်တကူမကျရောက်စေရန် စနစ်တကျမွေးမြူမည့် ကယားပြည်နယ်တွင် အကြီးဆုံး မွေးမြူရေး စီမံကိန်းကြီးတစ်ရပ်ဖြစ်ပါတယ်။
ဒေသခံလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းတွေက ၎င်းဝက်မွေးမြူရေးစီမံကိန်းနဲ့ပတ်သက်လို့ ကြိုတင်အသိပေးတိုင်ပင်မှုနဲ့ လူထုသဘောထားရယူထားတာမရှိဘူးလို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ အရပ်ဖက်အဖွဲ့အစည်းမှ ကိုသိုလ်က အခုလိုပြောပါတယ်။
“နောက်ဆုံးမှာ ကျေတော်တို့သိရတာက ဝက်တွေရောက်လာပီ နေပြည်တော်လေဆိပ်ကို ကားနဲ့တင်လာတယ်ဆိုတာ သိရတယ်ဆိုတာမျိုးဖြစ်လာတော့ ဒါသည်လုံး၀ PROCESSအောက်တယ်လို့ကျတော်တို့ CSOအသိုင်းအဝိုင်းက သတ်မှတ်တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့ကျတော်တို့ကတော့ လောလောဆယ် ဒီဟာကို ပြန်လည်ရှင်းပေးပါ၊ ပြည်သူတွေနဲ့ပြည်သူတွေရဲ့အကျိုးမဟုတ်ဘူး၊ တစ်ဦးတစ်ယောက်ရဲ့အကျိုးအတွက်ပဲ ဖြစ်နေမယ်ဆိုရင်တော့ ကျတော်တို့ကဒီဟာကိုလုံးဝကန့်ကွက်ပါတယ်။”လို့ ကိုသိုက်က ပြောသွားပါတယ်။
ကယား(ကရင်နီ)အရပ်ဖက်အဖွဲ့အစည်းတွေက လူထုကျန်းမာရေးနဲ့ဆက်စပ်တဲ့ပူပန်မှုတွေ၊ ဒေသခံတိုရဲ့ ရေအရင်းအမြစ်သုံးစွဲခွင့် ရပိုင်ခွင့်တွေ၊ မြေယာ၊အစားအစာနှင့် အိုးအိမ်ရပိုင်ခွင့်တွေ၊ ရိုးရာဓလေ့ထုံးတမ်း ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုထိခိုက်လာမှုတွေ နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ သဘောထားထုတ်ပြန်ထားကြပါတယ်။
လောလောဆယ်အခြေအနေအရတော့ ခြံဝင်းထဲကို မီဒီယာဝင်ခွင့်ရပေမယ့်လို့ ဝက်မွေးမြူတဲ့ နေရာအထိတော့ ဝင်ခွင့်မရှိသေးပါဘူး။