spot_imgspot_imgspot_imgspot_img
Saturday, September 21, 2024
spot_imgspot_imgspot_imgspot_img

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် တောင်းဆိုချက် နဲ့ မျှော်လင့်ချက်

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အကြိုအခမ်းအနားကို ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တို့ပူးပေါင်း ဦးဆောင်ပြီး ထိုင်း – ကရင်နီနယ်စပ်တစ်နေရာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်လာသူတချို့ရဲ့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုချက်နဲ့ မျှော်လင့်ချက် စကားသံကို ဖော်ပြပေးလိုက်ပါတယ်။

ဆရာမ ဝေဝေ ( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ တွဲဖက်အထွေထွေအတွင်းရေးမှူ – ၁ )

ဆရာမ ဝေဝေ ( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ တွဲဖက်အထွေထွေအတွင်းရေးမှူ – ၁ )

“ကျမတို့ကလူသားတွေဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီတွေရဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေပြီးတော့မှ ပစ်ခတ်နေတဲ့အပေါ် အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့အပေါ် ရပ်တန့်က ရပ်ပေးဖို့ နဲ့ နိုင်ငံတကာအဖွဲ့ကလည်း စစ်ကောင်စီရဲ့ ဒီလိုအကြမ်းဖက် လုပ်ရပ်တွေကို ရပ်တန့်ကရပ်ပေးဖို့ကို ဝိုင်းဝန်းပြီး တိုက်တွန်းပေးဖို့ကို တောင်းဆိုချင်ပါတယ်”

နန်းခြူခြူခန့်မိုင် (ကျောင်းသူ)

နန်းခြူခြူခန့်မိုင် (ကျောင်းသူ)

“မျှော်လင့်ထားတာတော့ မြန်မာစစ်ပွဲ အမြန်ပြီးဆုံးဖို့ပေါ့နော်။ ငြိမ်းချမ်းရေးနေ့က တစ်နှစ်တစ်နှစ်သာ အဲ့လိုရောက်ရောက်သွားတာ ဒါပေမဲ့ မြန်မာနိုင်ငံအတွက်က ငြိမ်းချမ်းရေး ဆိုတာကတော့ ဒီလိုနေ့ တွေသာ ဖြတ်သန်းသွားတာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး နေ့ဆိုတာတော့ မရောက်ရှိလာ သေးဘူးပေါ့နော်။ အဲ့တာကြောင့် ဒီမြန်မာပြည်ကြီးကို အမြန်ဆုံးငြိမ်းချမ်းစေချင်တယ်။ ပြီးတော့မှ လူတိုင်းရဲ့ စိတ်ထဲမှာလည်း ဒီငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး ကောင်းကောင်းလေး ခံစားစေချင်တယ်ပေါ့နော်”

ဦးလော်ကီး (KNWO)

ဦးလော်ကီး (KNWO)

“ပြောချင်တာက ငြိမ်းချမ်းရေးဆိုတာက အဓိကက လူတိုင်းမှာသက်ဆိုင်ပြီးမှ လူတစ်ဦးတစ်ယောက်နဲ့ စိတ်ဓါတ်ရေး အတွေးအခေါ်ပိုင်းရော စိတ်ပိုင်းရော ရုပ်ပိုင်းရော အများကြီးပြုပြင်ဖို့ လိုအပ်တာ ပေါ့နော်။ သူများကိုမပြောနဲ့ ကျနော်ကအစပေါ့နော်။ ကျနော့ရဲ့ခံစားချက်၊ အပြုအမူ၊ အတွေးအခေါ် ကအစ ပြုပြင်ဖို့လိုတယ်။ တကယ်တမ်းမြန်မာနိုင်ငံမှာကြည့်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလိုချင်လို့ ရှိရင် စိတ်ဓါတ်ကို အရင် ဦးဆုံးပြင်ဆင်ရမယ်ပေါ့။ ဒါကြောင့် လူမျိုးမခွဲခြားဘူး မြန်မာလူမျိုးကော ဗမာလူမျိုးကော ကယောဖြစ်ဖြစ် ကယားဖြစ်ဖြစ် ကယန်းဖြစ်ဖြစ်ပေါ့နော် ကျနောတို့အားလုံး နှလုံးသား မှာ တကယ်ပြုပြင်နိုင်ပြီလား ကျနော်တို့ စိတ်ဓါတ်ကော လူလိုလူလို ဆက်ဆံ ပြီးမှ လူလို တန်ဖိုးထား တတ်ပြီလား ဆိုတဲ့ဟာမျိုး အဓိကအချက် ဖြစ်တာပေါ့နော်။ ဒါကြောင့် ကျနော်တို့ လူလို လူလို တန်ဖိုး မထားတတ်ဘူးဆိုရင် ကမ္ဘာပေါ်မှာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူးဆိုတာ အဲ့ဟာကိုပြောချင်တယ်”

spot_img
spot_img