spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

အရပ်သားတွေရှိနေတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ကျေးရွာ၂ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် ၊ ဒေသခံထိခိုက်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာအနီးအနားကို ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ၊ ညနေ ၅နာရီကျော်အချိန်မှာ စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးမကြဲခင် ဒီးမော့ဆိုမြို့ရဲ့ကောင်းကင်ယံမှာ တိုက်လေယာဉ် ပျံဝဲပြီး ကျေးရွာတစ်ရွာကို တစ်ကြိမ် ၊ နောက်ထပ် ကျေးရွာတစ်ရွာကို နှစ်ကြိမ်ခန့် ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်က အဲ့ချိန်က ဘောလုံးကွင်းရှိနေတယ် သူ(ဂျက်လေယာဉ်)ထိုးဆင်းတာ ကျနော်တွေ့တယ်။ တွေ့တော့ ကျနော်အိမ်ပြေးပြန်တယ်။ အိမ်‌ပြေးပြန်နေရင်း တစ်လုံး နောက် ဗုံးခိုကျင်းထဲ ဝင်ပုန်းနေချိန် တစ်လုံး။ အစတောင်မှ အိမ်ထိရောက်လာတယ်။ အဲ့မှာအစရှိတယ်။ ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နေအိမ်အနီးအနားမှာ ကျရောက်တာကြောင့် အသက် ၃၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသား တစ်ဦး ဗုံးစ ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ကနဦး သိရပါတယ်။ ဒေသခံတွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်ပျက်စီးမှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ မေးမြန်းနေဆဲဖြစ်ပါတယ်။

“သူက အဲ့လိုမျိုးပုန်းတယ်လေ (လေးဖက်ထောက်ကာ ဦးခေါင်းကို ကိုင်ထားသည့် အနေအထား)။ အဲ့လိုမျိုး ပုန်းတဲ့အခါကျတော့ (နားထင်ဘေး) ရှုပ်ထိတာလား အထဲဝင်သွားတာလားမသိဘူး။ ချက်ချင်းသွေးတိတ်အောင်လုပ်ပြီးတော့ ဆေးရုံပို့ပေးတယ်” လို့ ထိခိုက်မိတဲ့ စစ်ရှောင်အမျိုးသား ရဲ့ အခြေအနေကို ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီက နှစ်သစ်ကူးကာလမှာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေကြာင်းရန်ကို အထူးကရုစိုက်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးမှုတွေရှိနေပါတယ်။

ယမန်နေ့ည (နှစ်သစ်ကူးည) မှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို လေယာဉ်နဲ့ တစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ၂ရက်အတွင်း ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက ၄ကြိမ်ခန့် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံလူထုတွေဟာ စိုးရိမ်ထိတ်လန့်နေရပါတယ်။

spot_img
spot_img
spot_img

Recent posts