spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

အလှူရှင်ပေးပို့တဲ့ ငွေတွေနဲ့ ရေကို စက်ဖြင့်သယ်ယူနေကြတဲ့ စစ်ရှောင်များ

ကန္တာရဝတီတိုင်း(မ်)

အလှူရှင်တွေ ပေးပို့တဲ့ငွေနဲ့ ဒီဇယ်ဝယ်ထည့်ပြီး ရေခပ်ယူနေကြတဲ့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမြင်တွေ့ရတာဖြစ်ပါတယ်။

ရေတစ်ပုံးရဖို့ မနက်အစောကြီး တစ်နာရီလောက် သွားတန်းစီပြီး ရေခပ်နေရပါတယ်။ ရေရှားပါးတဲ့ အရပ်ဒေသဖြစ်တာကြောင့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေကြရပါတယ်။ အခုအခါမှာတော့ အလှူရှင်တွေလှူဒါန်းပေးတဲ့ ငွေကြေးတွေနဲ့ ဓါတ်ဆီ၊ဒီဇယ်တွေဝယ်ပြီး စက်တွေနဲ့ သွားရောက်ခပ်ယူနေကြရပါပြီ။

“ကားက ၂စီးပဲရှိခါကျတော့ ကားဆရာတွေနဲ့ စကားသွားပြောကြည့်တာ အဆင်မပြေဘူးပေါ့နော။ ကျမတို့ ဒီဇယ်ဝယ်ပြီးမှာ ထော်လာဂျီထဲကို ဆီထည့်ပြီးတော့ တပတ်ကို ၂ ကြိမ်အဲလို သွားခပ်ပေးတာပေါ့။” လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့က လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ပြည်သူတွေ ရေခပ်ခက်ခက်ခဲခဲ ရေခပ်နေကြရတဲ့ သတင်းဓါတ်ပုံကို ကန္တာရဝတီတိုင်း(မ်)က တင်ပြီးနောက် အလှူရှင်တချို့ရဲ့ ဆက်သွယ်လာမှုကြောင့် အခုလို ရေသွားရောက်သယ်ယူနိုင်ကြ ဖြစ်ပါတယ်။

ယခင် ကန္တာရဝတီတိုင်း(မ်) ကဖော်ပြပေးတဲ့ သတင်းဓါတ်ပုံကို ဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/KantarawaddyTimes/posts/4935148949936909

spot_img
spot_img