spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

ဧပြီလမှစ၍ နိုင်ငံ့ဝန်ထမ်းအားလုံး လစာ တိုးမည်

Author

Date

Category

လင်းသန့်

နိုင်ငံဝန်ထမ်းများအားလုံးကို ဧပြီလ ၃ဝ ရက်မှ စတင်ပြီး လစာတိုးရန် ထုတ်ပြန် ထားသည့်နှုန်းထားများအတိုင်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဧပြီလ ၂၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

“ဤအမိန့်ကြေငြာစာအရ ခံစားခွင့်များကို ၂၀၁၈ ခုနှစ် ဧပြီလအတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်”ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

တိုးမြှင့်ပေးလိုက်သည့်အထဲတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ဝန်ထမ်းများလည်း ပါဝင်သည်။

 

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနတွင်းခန့်အပ်ထားသည့် ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများ၏ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်းကိုမူ ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။

ဧပြီ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၇/၂၀၁၈)၌
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထား တိုးမြှင့်ပေးရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် နိုင်ငံခြားရေးဝန်ထမ်းများအတွက်မူ လက်ရှိ လစာနှုန်းထားများအတိုင်း နိုင်ငံခြားသုံးငွေဖြင့်လစာကို ဆက်လက်ထုတ်ယူရမည်ဖြစ်သည်။

၎င်းတို့ တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိချိန်မှ လစာနှုန်းထားအသစ်ကို ခံစားရမည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဧပြီလ ၁ရ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် အမှုထမ်းဝန်ထမ်းများ၏ လစာကို ၂ဝ ရာခိုင်နှုန်း၊ အရာထမ်းဝန်ထမ်းများအားလုံး၏ လစာကို ၁ဝ ရာခိုင်နှုန်းတိုးမြှင့်ပေးမည်ဟု ပြောကြားခဲ့ပြီး ဧပြီလ ၃ဝ ရက်တွင် စတင်အသက်ဝင်ခဲ့ခြင်း ဖြစ်သည်။

spot_img
spot_img
spot_img

Recent posts