spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

တောင်သူများ၏သီးနှံစပါးများ ကြွက်ဖျက်ဆီးခြင်းနှင့် ပိုးကျခြင်းတို့ တွေ့ကြုံနေရ

Author

Date

Category

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်းတွင် တောင်သူများ၏စပါးခင်းများကို ကြွက်များဖျက်ဆီးခြင်းနှင့်ကြုံတွေ့နေကြရသည်ဟု သိကျိတ်ကျေးရွာမှ တောင်သူ မအားမူက ပြောသည်။

“အခုတလော ကြွက်ထပြီးတောင်းကျန်းလို့ တောင်ယာခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။ စပါးပင်အရင်းကို ကိုက်ဖြတ်လို့ စပါးတွေမပေါက်နိုင်တော့ဘူး။” ဟု မအားမူကပြောသည်။

ရှမ်းပြည်တောင်ပိုင်းဒေသအတော်များများတွင် ကြွက်များ၏ ဖျက်ဆီးခြင်းကို ကြုံတွေ့နေရပြီးကြွက်ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့်ဒေသများကို အချက်အလက်လိုက်ကောက်ယူကာ သက်ဆိုင်ရာဌာနများထံ ကူညီတောင်းတိုက်တွန်းနှိုးဆော်ပေးသွားမည်ဟု ကယန်းအမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး မူဂလိုရီးယာ ကပြောသည်။

ကယားပြည်နယ်အတွင်းတွင်လည်း တောင်ယာစပါးပိုးများက စိုက်ခင်းများကို ဖျက်ဆီးနေကြပြီး ဖရူဆိုမြို့နယ် တောခူအုပ်စု ခိုဘွာရွာနှင့် စို့ခွတ်ရွာတို့တွင်လည်း တောင်ယာစပါးများပိုးများက ဖျက်ဆီးနေသည်ဟု စို့ခို့ရွာမှ ဆရာဝင်းနိုင်က ပြောသည်။

“စပါးပင်တွေက အရွက်တွေခြောက်ကုန်ပြီးသေကုန်တယ်။ ပိုးလည်းကျတယ်။ ကြွက်လည်းကိုက်တယ်။ တချို့လည်း သူ့ဘာသာ သူသေသွားတာရှိတယ်။” ဟု ဆရာဝင်းနိုင် ကပြောသည်။

14344921_10205661449374225_3818578938708580243_n

ခိုဘွာရွာမှ ဒေါ်မညိုက ” အတူတူလောက်ပဲ ရွာနှစ်ရွာစလုံးပဲ ရွာတွေကကပ်နေတယ်။ အဲလိုတွေဖြစ်ကုန်တယ်။” ဟု ဆိုသည်။
ထိုကဲ့သို့ ကြုံတွေ့နေကြရသည့်အခက်အခဲအတွက် နည်းပညာအကူအညီများလိုအပ်လျက်ရှိသည်ဟု တောင်သူများက ပြောဆိုနေကြသည်။

ပြီးခဲ့သည့် မေလပိုင်းတွင်လည်း ဖရူဆိုမြို့နယ် ခါးဘယ်ကျေးရွာဘက်တွင် သီးနှံစပါးများကိုကြွက်များဖျက်ဆီးခံခဲ့ရပြီး ယခင်နှစ်ကလည်း ရှားတောမြို့နယ် မြောက်ဘက်ပိုင်းတွင် ကြွက်ဖျက်ဆီးမှုကို ကြုံတွေ့ခဲ့ကြရသေးသည်။

spot_img
spot_img
spot_img

Recent posts