spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

နောင်ယားဈေးရှိ ဆိုင်ခန်းခများ ယနေ့ထိအကြေမပေးဆောင်ပါက ပြန်လည်သိမ်းဆည်းမည်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

လွိုင်ကော်မြို့၊ နောင်ယာဈေးဆိုင်ခန်းများကို လေလံတင်ရောင်းချရာ ယခုလ အောက်တိုဘာလ ၁၅ရက်နေ့ နောက်ဆုံးထားကာ ဆိုင်ခန်းခများလာရောက်ပေးသွင်းကြရမည်ဖြစ်ကြောင်း မပေးသွင်းနိုင်ပါက ဆိုင်ခန်များကို အထက်မှ ညွှန်ကြားသည့်အတိုင်း ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း ကယားပြည်နယ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနမှ ဈေးသူဈေးသားများ သိစေရန် စာထုတ်ပြန်ခဲ့သည်။

ဆိုင်ခန်းခမတတ်နိုင်သေးသည့် ဈေးသည်များမှ ယနေ့၁၅ရက်နေ့တွင် နောက်ဆုံးပေးသွင်းရမည့်အပေါ် အဆင်မပြေကြောင်း ကန္တာရဝတီတိုင်းမ်သို့ ပြောကြားသည်။

̏ တစ်လကို ဆိုင်ခန်းတွေက နှစ်သိန်းကျပ် ခုံပေါ် အခန်းက ၄သောင်းကျပ် သွင်းရပါတယ် ငွေဆက်မသွင်းနိုင်ရင် မသွင်းနိုင်တဲ့ ဆိုင်ခန်းတွေ သွင်းပြီသားငွေ ပြန်မရတဲ့ ဆိုင်ခန်းကိုလည်း ပြန်သိမ်းမှာပါ။ ကယားပြည်သူ ပြည်သားများအတွက် ငွေမသွင်းနိုင်တဲ့ ဈေးသူဈေးသားတွေ ဒုက္ခရောက်တော့မယ်˝ ဟု နောင်ယားရပ်ကွက်နေ ဈေးသည်တစ်ဦးက ပြောသည်။

ဈေးဆိုင်ခန်းခကို အရစ်ကျပေးသွင်းရပြီး စတုတ္တရစ်ထိ အကြေမပေးဆောင်နိုင်သည့် ဈေးသည်များအား ဈေးဆိုင်ပြန်လည် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးနီထွန်းက ပြောပါသည်။

̏ ဒီနေ့ ရုံးချိန်ထိ လာသွင်းလို့ရသေးတယ်၊ ဒီ ၁၅ရက်နေ့ကျော်ရင် သိမ်းဆည်းခွင့်ပြုကြောင်း စာထပ်ရောက်လာပြီဆိုတာနဲ့ ကျွန်တော်တို့ညွှန်ကြားချက်အတိုင်း လုပ်ပါမယ်။ အဲ့နောက်ပိုင်းကျရင်တော့ ငွေသွင်းခွင့်မပြုတော့ပါဘူး˝ ဟု ၎င်းကပြောသည်။

ဈေးဆိုင်ခန်းများကို ၁ဝပေပတ်လည်နှင့် ၅ပေ ရပေဆိုင်ခန်းများဖြင့် လေလံပစ်ကြောင်း သိရသည်။ စတုတ္တအရစ်ထိ ငွေသွင်းရန်ကျန်ရှိသူများကို ဒဏ်ကြေးအဖြစ် ယခုလကုန်အထိ ဆောင်စေကြောင်း သိရသည်။

ဆိုင်ခန်းခ အကြေမပေးဆောင်နိုင်ပြီး သိမ်းဆည်းမည့် ဆိုင်ခန်းခများကို ပြန်လည်မပေးဆောင်ကြောင်း ပြည်နယ်စည်ပင် ဒု ဦးစီးမှူး ဒေါ်စိုးစိုုးအေးက ပြောသည်။

̏ ဆိုင်ခန်းခတွေကို ဈေးသည်တွေကို ပြန်မအမ်းပါဘူး၊ ဒီငွေတွေက ပြည်နယ်အစိုးရရဲ့ ငွေစာရင်းခေါင်းစဉ်အောက်မှာ ပြန်ဝင်မှာပါ။ ဘာလို့ဆို ပြည်နယ်အစိုးရကပဲ သူတို့ငွေနဲ့ ဆောက်ထားတာမို့လေ˝ ဟု ၎င်းက ကန္တာရဝတီတိုင်းမ် သို့ ပြောသည်။

̏ ကျွန်တော် အရင်လတွေက ငွေကိုပုံမှန်သွင်းနိုင်တယ် အခုတော့ ဆိုင်ခန်းငွေမသွင်းနိုင်လို့ ဆိုင်ခန်းဆုံးတော့မယ်˝ ဟု ဈေးသည်တစ်ဦးက ကန္တာရဝတီတိုင်မ်းသို့ ပြောပါသည်။

ဆိုင်ခန်းခများမှာ ၁ဝပေပတ်လည်ဆိုင်ခန်းတစ်ခန်း ၂၄သိန်းဖြစ်ပြီး တစ်လ ၂သိန်းနှုန်း ၁၂ အရစ်ကျပေးဆောင်ရပြီး၊ ၅ပေ ရပေဆိုင်ခန်းများကိုမူ ၄သိန်း ၈သောင်း(၄၈၀၀၀၀)ကျပ်၊ တစ်လ ၄၀၀၀ဝကျပ်နှုန်းဖြင့် အရစ်ကျပေးသွင်းစေကြောင်း သိရသည်။

spot_img
spot_img
spot_img

Recent posts