spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

မော်ချီး အန္တရာယ်ဇုန်အတွင်း အစိုးရကချပေးသည့် မြေကွက်နေရာ ၅ပုံ ၄ပုံကို ကိုလက်ခံသူများမှာ အခြားဒေသမှ ရွေ့ပြောင်းလုပ်ကိုင်သူများဖြစ်

Author

Date

Category

‪#‎ထျိုးမြာ‬

မော်ချီးအနာ္တရယ်ဇုံအတွင်းတွင် ရွေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ချပေးသော မြေကွက်နေရာ ၁၅၂ နေရာကို လက်ခံသူ အိမ်ထောင်စု ငါးပုံ လေးပုံမှာ ဒေသခံ ရွာသားများမဟုတ်ပဲ အခြားဒေသမှ လာရောက်လုပ်ကိုင်သော ရွေ့ပြောင်းလုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။

ဒေသခံများထဲမှ အစိုးရ ချထားပေးသည့် မြေနေရာ ရယူသူ အိမ်ထောင်စု အရေ အတွက် မှာ ၃ဝ ခန့်သာရှိပြီး စုပေါင်းပေါင်း ချပေးသည့် မြေကွက်နေရာ ၏ ၅ပုံတပုံ ခန့်သာ ရှိကြောင်း ဒေသခံတဦးထံမှသိရသည်။

“ဒီရွှေ့ပြောင်းသမားတွေကတော့ များသောအားဖြင့် သူတို့ကတော့ မြေနေရာရရင်တော့ယူမှာပဲ။” ဟု၎င်းက ပြောသည်။

လက်ရှိ အစိုးရပေးအပ်သော မြေနေရာများမှာ မိမိတို့အတွက် လှုံခြုံမှု မရှိသည့်အတွက် လက်မခံကြခြင်းဖြစ်ကြောင်း မော်ချီးအနာ္တရယ်ဇုံအတွင်းနေထိုင်သူ ဒေသခံတဦးကဆိုသည်။

“ကျနော်တို့မပြောင်းချင်ရတဲ့အပိုင်းက အဲ့ဒီနေရာဒေသမှာ တစ်ချိန်တုန်းက တိုက်ပွဲတွေ အများကြီးဖြစ်ခဲ့တဲ့နေရာလေး။ အဲ့   ဒီနေရာတွေက အခုချိန်ထိမိုင်းမရှင်းရသေးဘူးပေါ့နော အဲ့ဒီအန္တာရာယ်ကိုလည်းကြောက်တယ်ဗျ ” ဟု မော်ချီးဒေသခံသိန်းထွန်းဦးက ပြောသည်။

မြေယာပေါင်း(၁၅၂)ကွက်ကို ဇွန်လ(၃၀)ရက်နေ့ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့တွင် ကယားပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လမ်းပမ်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်   ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတို့မှ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

မော်ချီးတွင် ယခင်နှစ် အောက်တိုဘာ လက မိုးများပြီး မြေပြိုမှုများဖြစ်ပွားခဲ့ပြီးနောက် နေရာခြောက်နေရာကို အစိုးရက    အနာ္တရာယ်ဇုံအဖြစ် သတ်မှတ်ခဲ့သည်။

spot_img
spot_img
spot_img

Recent posts