အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ၊ ဌာနေတိုင်းရင်းသား တောင်သူတွေဘယ်လို စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံနေရတာလဲ၊ သူတို့ဘာတွေ ပြောနေကြလဲ၊ တောင်သူတွေရဲ့ စကားသံစုစည်းမှုတို့ကို တင်ပြပေးထားပေးထားပါတယ်။
ဦးမြင့်သွင် – တရားလွှတ်တော်ရှေ့နေ
အခု မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ ဌာနေတိုင်းရင်းသားတွေနဲ့ ဖွားလေးစု ဒေါ်အောင်ဆန်းစုကြည်ပါတီအစိုးနဲ့ တိုက်ရိုက်ပြဿနာဖြစ်ပေါ်စေနိုင်တယ်။ ဌာနဆိုင်ရာတွေ၊ ဥပဒေပြုတဲ့ အဖွဲ့အစည်းတွေဟာ သတိမူဖို့လိုတယ်။ အစိုးရကို အကြပ်အတည်းဖြစ်စေတဲ့ ပုံစံဖြစ်သွားစေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေ ဥပဒေအကာအကွယ်မဲ့တာကို ဥပဒေမပြဌာန်းပေးတဲ့အပြင် မောင်းထုတ်ပါတယ်လို့ ဖြစ်သွားနိုင်တယ်လေ။
ခွန်းဘီထူး – ကယန်းအမျိုးသားပါတီ ဥက္ကဌ
ဒီဥပဒေက ကျွန်တေ်ာတို့အတွက် ဘာမှ အကျိုးမရှိဘူးဖြစ်နေတယ်။ ကျွန်တော်တိ်ု့က လွှတ်တော်အမတ်တွေရော၊ တခြားသူတွေရော ဒီဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့လိုနေပြီ။ ဒီဟာတွေကို အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ဓလေ့ထုံးတမ်းဥပဒေတွေကို မြေတွေအသုံးချနေတဲ့ ဥပဒေတွေကို ချင့်ချိန်ပြီးတော့ပေါ့နော နားလည်မှုတွေထားဖို့ရယ် နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးမှပဲ ကျွန်တော်တိ်ု့ဒီမြေဥပဒေတွေကို စဉ်စားသင့်တယ်။ အထူးသဖြင့် ခရိုနီတွေ၊ ဒါမှမဟုတ် တပ်မြေတွေသိမ်းတဲ့ဟာနဲ့ ပတ်သက်တာ ဖြေရှင်းဖို့ ကြိုးစားတယ်ဆိုတဲ့ဟာတွေက မသင့်တော်ဘူးပေါ့နော၊ အထူးသဖြင့် ကျွန်တော်တို့ ဒေသနဲ့ ကိုက်ညီတဲ့ပုံစံတွေ ပြန်လုပ်သင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။
မူထရေးဇာ – ကယန်းအမျိုးသမီးအစည်းအရုံး
ကျွန်မတို့အတွက် သေချာတာကတော မြေပြန့်တို၊ တခြားပြည်မတို့ဖက်မှာနဲ ဆင်ပြေကောင်းပြေလိမ့်မယ်။ ကျွန်မတို့တောင်တန်းနယ်မြေတော အဆင်မပြေဘူးပေါ၊ ကျွန်မတို့အစဉ်အလာ ပိုင်ဆိုင်ထားတဲမြေကို သူတို့က လုပ်ကိုင်သူမရှိဘူး မြေလွတ်၊မြေလပ်၊မြေရိုင်းဆိုပြီးတော သတ်မှတ်ချင်တယ်၊ ကျွန်မတို့အတွက် ဒီဥပဒေ တိုင်းရင်းသာားတွက် ဆင်မပြေဘူး၊ ကျွန်မတို့သဘော မတူဘူးဆိုရင် ကန့်ကွက်မယ်ဆိုရင် လေးငါးယောက်နဲ ကန့်ကွက်ပြီးတော ကျန်တဲ တစ်ချို့သောသူတွေက လက်ခံနေမယ်ဆိုလည်း ဆင်မပြေဘူးပေါ၊ ဒီဥပဒေဟာ သေချာတယ် အချိန်လည်းမရတောဘူး သုံးလလောက်ဘဲကျန်တယ် ဆိုတဲ အနေအထားမှာ သေချာတယ် ဒီဆွေးနွေးပွဲကို ဦးဆောင်တဲ ဖွဲစည်းဘဲဖြစ်ဖြစ်၊ ကျွန်မတို့ကို ဒီအပေါ် ထပ်ပြီးတော အသိပေးမှာလည်း ဘယ်လိုပုံစံနဲ သွားမှာလည်းဆိုတဲဟာလည်း အသေးစိတ်သွားဖို့ လိုမယ်ပေါနော်။
ခွန်းအောင်ထွန်းဦး – ဒုန်းဒူထန်ကျေးရွာ
မြေလွတ်၊မြေလပ်နဲ ပတ်သက်ပြီးသုံးလဘဲကျန်တယ်ဆိုတဲ အပေါ်မှာ မှတ်ပုံတင်ရမယ်ဆိုပြီး အကယ်၍ ကျွန်တော်တို့ မှတ်ပုံတင်ခဲရင် အစိုးရကတွေက လုပ်ပေးနိုင်မလား၊ ကျွန်တော်တို့ထင်တယ် အစိုးရကမှတ်ပုံတင်မပေးရင် ကျွန်တော်တို့ တောင်သူလယ်သမားနဲ့ အစိုးရကြားမှာ ပဋိပက္ခ ဘယ်လိုဖြစ်လာမလဲ ဆိုတာ ပြီးတော တောင်သူရဲ့အနာဂတ် ရှေ့ရေးအတွက် ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်စိုးရမ်မိတာပေါ။
၁ . မိုးဗြဲဒေသခံ တောင်သူတစ်ဦး
ဒီအခြေအနေရဆိုရင် အားလုံးထောင်ကျမယ့်ကိန်းရှိတယ်၊ အဲဒါကိုတော လက်မခံနိုင်ဘူး၊ ကျွန်တော်တို့ဖက်က ပြန်ပြီးတော တိုက်မယ်ဆိုရင် တစ်စုတစ်စည်း လက်တွက်ညီဖို့လိုတယ်၊ လွှတ်တော်ကိုယ်စားလှယ်တော ဒီဟာကို သိလားမသိလားဆိုတာ လေ့လာဖို့ ကျွန်တော်တို့လိုမယ် ဒါမှသာ ဘယ်လိုပြန်လုပ်ရမယ်ဆိုတာ အကုန်လုံးစည်းလုံးဖို့လိုတယ်။
လျှောက်ခိုင်းတယ်၊ လျှောက်တာဘယ်လိုပုံစံနဲ လျှောက်ရမယ်ဆိုတာ တပိုင်တနိုင်လျှောက်တဲသူတွက်က ဧက ၅ဝ ထိဘဲ လျှောက်လို့ရတယ်၊ ကုမ္ပဏီကဆိုရင် ဧက ၅၀၀ဝ ကနေ ဧက ၅၀၀၀၀ ထိ လျှောက်နိုင်တယ်၊ လျှောက်တာခြင်းတူတူ အစိုးရလည်းလျှောက်ပိုင်ခွင့်ရှိတယ်၊ ခွင့်ပြုမိန့်ပေးတာလည်း အစိုးရဖြစ်တဲတွက် ကျွန်တော်တို့လျှောက်တာကို ပေးမလား ကုမ္ပဏီ လျှောက်တာကို ပေးမလား၊ ငွေများတရားနိုင်ဆိုပြီးရှိတယ်၊ နောက်ကယန်းနေထိုင်ရာ ဒေသကြည့်ရင် ကမ္ပဏီသုံးခုလျှောက်စာတောင်မရှိဘူး၊ မလျှောက်ရင်အရေးယူမယ်၊ ကျုးကျော်ဖြစ်မယ်ပြောတဲတွက် လမ်းကနှစ်လမ်းဘဲကျန်တယ်။ ထောင်ထဲဝင်မလား အသေခံမလားဆိုတာ။ ဒီဥပဒေကို ဖျက်သိမ်းပြီးမှ ဌာနေတိုင်းရင်းသားရဲ သဘောဆန္ဒကို ယူဖို့ပြန်လည်ပြင်ဆင် ဖို့ပြောချင်တယ်။
ဦးအလိန်းရှိုဖာ – ပူဖားကျေးရွာဒေသခံတောင်သူ
ကယန်းမြေဧကတိုင်းမှာ ထုံးတမ်းစဉ်လာအရ ယခုတိုင်အောင် တစ်ရွာနဲတစ်ရွာ၊ တစ်ယောက်နဲတစ်ယာက် ၊ သူ့ကပိုင်မြေကိုယ့်ပိုင်မြေဆိုပြီးရှိတယ်၊ အခုမှရှိတာမဟုတ်ဘူး၊ ဘိုးဘေးဘီဘင်ကတည်းက သတ်မှတ်ခဲ့ကြတယ်၊ မြေလွတ်၊မြေလပ်၊ မြေရိုင်းဆိုတာ ကျွန်တော်တို့ နှစ်ယောက်ကြား၊ နှစ်ရွာကြားမှာ မြေလွတ်၊ မြေလပ်ဆိုတာမရှိဘူး၊ ကျောက်နစ်လုံးတောင်မှ ဒါသူ့ကျောက်ကိုယ့်ကျောက်ဆိုပြီး ရှိကြတယ်။ နောက်တစ်ခုက သူ့မြေ ကိုယ့်မြေဆိုတာ ရောင်းခြင်း ဝယ်ခြင်း တန်ဖိုးထားပြီး ရောင်းလိုရာရှိတယ်၊ ဝယ်လိုရာရှိတယ်။ ခုလောဆယ်တော မြေလွတ်၊ မြေလပ်ဆိုတာ ကျွန်တော့်အနေနဲ လုံးဝလက်မခံနိင်ပါဘူး။
၂ . မိုးဗြဲဒေသခံတောင်သူတစ်ဦး
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဓလေ့ထုံးတမ်းစဉ်လာအရ ပိုင်ထားတဲမြေကို ပုံစံ(၇) လျှောက်ထားရမယ်၊ မလျှာက်ရင် အရေးယူမယ်ဆိုတဲအပေါ်။ ဖယ်ခုံမှာ ရှိတဲ တိုင်းရင်းသား ပိုင်မြေတွေက မှတ်ပုံတင်ထားတာ ၁၀ ပုံမှာ ၃ ပုံတောင်မရှိဘူး၊ ဒီတောအရေးမယ်ဆိုရင် ဒီပုံစံနဲ့တော မဖြစ်နိုင်ဘူး၊ အရေးယူမယ်ဆိုတဲ့ အပိုင်းမှာ အစိုးရနဲ့ တောင်သူနှစ်ဖက်ကြားမှာ တွက်လို့မရဘူး၊ တောင်သူအချင်းချင်း မကျေနပ်ရင်လည်း ဥပဒေကို အခွင့်ကောင်းယူပြီးတော အမှုကိုဆင်လို့ရသလို တစ်ဖက်က တောင်သူနဲ့ အစိုးရကြားမှာ ခရိုနီလို့ခေါ်တဲ့ သယံဇာတ ကုမ္ပဏီတွေလည်း ပွဲလန့်ဖျာခင်း ဥပဒေကို အခွင့်ကောင်းယူပြီး အလစ်သုတ်နိုင်တဲ့ အနေအထားမှာရှိတယ်။
၃ မိုးဗြဲဒေသခံတောင်သူတစ်ဦး
မိရိုးဖလာပိုင်တဲ့မြေကို ဥပမာ အင်လန်မှာ နှစ်စဉ်လုပ်တဲ့မြေကို အခြားနယ်ကလာနေပြီး အဲ့မှာ မြေကိုလုပ်ကိုင်စားသောက်မယ်ဆိုရင် သူတို့မြေမှာ လုပ်နေရင် မောင်းထုတ်ပေးနိုင်မလားပေါ့၊ နှစ်ရှည်ပင်လည်း ပေးမစိုက်ဘူး၊ ကျွန်တော်တို့မြေဖြစ်တဲ့တွက်ဆိုပြီးတော့ပေ့ါ၊ လတုနဲအင်လန်တို့ဆို လက်ရှိပြဿနာရှိနေတုန်း လတုရဲ မြေပေါ်မှလုပ်တဲ့သူကို အခွန်ပေးရတယ်၊ အခွန်ကများတယ် အစိုးရကို ကူညီတောင်းပေမယ့် မရခဲ့ဘူး၊ အဲကြောင့်တောင်သူတွေနဲ့ တိုင်းရင်းမျိုးနွယ်စုတွေက လက်တွဲညီဖို့လိုမယ်။
၄ မိုးဗြဲဒေသခံတောင်သူတစ်ဦး
ဥပဒေကို ပြဌာန်းတယ်ဆိုရင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် အဆင့်ဆင့်သွားပြီးမှ အတည်ပြုရတယ်။ ဟိုတလော ဒါကိုုပြဌာန်းတော့ လွှတ်တော်ကိုမေးကြည့်တာ မသိတဲ့အခြေအနေမှာရှိတယ်၊ ဥပဒေက ပြဌာန်းပြီးပြီ မသိဘူးဆိုတော့။ လျှောက်မယ် လုပ်ပေးနိုင်မလားမေးတော့ ဝန်ထမ်းအင်အားမမျှဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်တယ်။ ဥပဒေကရှိတယ် အောက်ခြေက အလုပ်နိုင်တော ဒါကိုဘယ်လိုဖြေရှင်းမလဲပေါ့။ ပြန်ပြင်ဆင်ဖို့တော့လိုမယ်။ လောလောဆယ်မြေစာရင်းက အလုပ်မလုပ်တာလားပေါ့ ၊ ရှမ်းပြည်နယ်ကလွှတ်တော်တွေ မလုပ်တာလား၊ တင်ပြချင်တယ်၊ ကျွန်တော်တို့ ၁၁၄ ကွင်းမှာပုံစံ(၇) လျှောက်တာကို ခုချိန်ထိမရဘူး၊ မလျှောက်လို့ မြေရိုင်းထားချင်တာလား သက်သက်မဲ့ ထားခဲတာလားပေါ့။ ဝါရီကောခူကြားမှာ ပုံစံ(၇) မရသေးတာ အများကြီးကျန်တယ်၊ အဲဒါမြေရိုင်းဖြစ်သွားမှာကို ကျွန်တော်စိုးရိမ်တယ်။
၅ မိုးဗြဲဒေသခံတောင်သူတစ်ဦး
ဒီဥပဒေပြဌာန်းတာကောင်းပါတယ်၊ ဒါမယ့်ကျွန်တော်တို့ တောင်ပေါ်တိုင်းရင်းသားတွက်တော့ မဟုတ်ဘူးပေါ့။ မိရိုးဖလာမြေကိုလုပ်တဲ့သူကို အခွန်ဆောင်ခိုင်းချင်တယ်။ မှတ်ပုံတင်ခိုင်းချင်တယ် မှန်တယ်။ ဒါမယ့် ခြောက်လအတွင်းမှာဆိုတော့ အချိန်လည်းမရ ဝန်ထမ်းအင်အားလည်းမမျှ၊ အဲဒါကို ပြန်ပြင်ဆင်ပေးဖို့ ပြောချင်ပါတယ်။