ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်အဆင့်တွင် ပြည်သူကနေ ရွေးခြယ်တင်မြောက်လိုက်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး နှင့် ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ်တို့ ၁ဦးသည် ပြည်သူမှ လိုအပ်ချက်များကို ပြည်နယ်လွှတ် တော်တွင် မေးမြန်းခြင်း၊ အဆိုပြုခြင်း စသည့်အခွင့်အရေးများရရှိပါလျက်နှင့် ပြည်သူ့ ဘဏ္ဍငွေကို စားပြီး ပြည်သူလိုအပ်ချက်များအတွက် အလုပ်မလုပ်သည့် ကိုယ်စားလှယ်များရှိနေသည်။
၎င်းအခြေအနေများနှင့် ပတ်သက်ပြီး (၃)နှစ်တာကာလအတွင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆို/မေးခွန်းများအရေအတွက် နှင့် ကတိကဝတ်ပြုခဲ့သည့် အခြေအနေများကို အောက်ပါတွင် လေ့လာသုံးသပ်ထားပါသည်။
ပြည်နယ်အစိုးရ၏ ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေများ၊ ဆောင်ရွက်ဆဲများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကယားပြည်နယ်လွှတ်တော်ရုံးမှ အချက်အလက်အရ သုံးသပ်တင်ပြသွားခြင်းဖြစ်သည်။
ပြည်နယ် အစိုးရ အဆိုများထဲမှ ၈၆ ရာခိုင်နှုန်း ကတိကဝတ်ပြုခဲ့
လွှတ်တော်ကိုယ်စားလှယ်များအဆိုတင်သွင်းခဲ့သည့်အပေါ် အစုးရမှ ၁၄ ရာခိုနှုန်း ကတိကဝတ်မ ပြုနိုင်ခဲ့ကြောင်းကို အောက်ပါ သုံးသပ်ပြထားပါသည်။ (၃)နှစ်တာကာလအတွင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းမေးမြန်းခဲ့သည့် အဆို စုစုပေါင်း ၁၄ခုရှိခဲ့ပြီး ကတိကဝတ်ဖြစ်ပေါ်စေခဲ့သည့်အဆို ၁၂ ခုရှိသည်ဟု သိရသည်။ အဆို ၂ ခုကိုမူ ကတိကဝတ်မပြုနိုင်ခဲ့ပေ။


ကတိကဝတ်ဖြစ်ပေါ်စေခဲ့သည့်အဆို ၁၂ ခုရှိသည့်အနက် ၈ ရာခိုင်နှုန်း အစိုးရဆောင်ရွက်ရန်ကျန်ရှိ
အထက်ပါဖော်ပြထားသည့် ကတိကဝတ်ပြုထားခဲ့ကြသည့် အဆိုများအထဲမှ ပြည်နယ်အစိုးရ ဆောင်ရွက်ထားရှိမှု အခြေအနေတွင် စုစုပေါင်းအဆို ၁၂ ခုရှိရာ ဆောင်ရွက်ပြီးစီးမှု ရ ခုရှိခဲ့ပြီး၊ ဆောင်ရွက်ဆဲ ၄ ခုနှင့် ဆောင်ရွက်ရန်ကျန် ၁ခုရှိခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့်ကြည့်မည်ဆိုလျှင် ဆောင်ရွက်ရန် ကျန်ရှိမှုမှာ ၈ ရာခိုင်း ရှိနေပါသေးသည်။

ကြယ်ပွင့်ပြမေးခွန်းများထဲမှ ပြည်နယ် အစိုးရ ၃၃ ရာခိုင်နှုန်းသာ ကတိကဝတ်ပြုခဲ့
(၃)နှစ်တာကာလအတွင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် တင်သွင်းမေးမြန်းခဲ့သည့် ကြယ်ပွင့်ပြ မေးခွန်းများအရေအတွက် စုစုပေါင်း ၁၇၃ ခုရှိခဲ့ပြီး ကတိကဝတ်ဖြစ်ပေါ်စေခဲ့သည့် မေးခွန်း ၈ရ ခုရှိသည်။


ကြယ်ပွင့်ပြမေးခွန်းများအပေါ် ၁၆ရာခိုင်နှုန်း အစိုးရဆောင်ရွက်ရန်ကျန်ရှိ
ပြည်နယ်အစိုးရ၏ (၃)နှစ်တာကာလအတွင်းတွင် ကြယ်ပွင့်ပြမေးခွန်းများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေတွင် စုစုပေါင်းမေးခွန်း ၈ရ ခုရှိရာ ဆောင်ရွက်ပြီးစီးမှု ၄၆ ခုရှိခဲ့ပြီး၊ ဆောင်ရွက်ဆဲ ၂ရ ခုနှင့် ဆောင်ရွက်ရန်ကျန် ၁၄ခုရှိခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့်ကြည့်မည်ဆိုလျှင် ဆောင်ရွက်ရန် ကျန်ရှိမှုမှာ ၁၆ ရာခိုင်း ရှိနေပါသေးသည်။

ကြယ်ပွင့်မပြမေးခွန်းများကို ၁၆ ရာခိုင်နှုန်းမျှသာ ကတိကဝတ်ပြုခဲ့
ပြည်နယ်အစိုး(၃)နှစ်သာအတွင်း ကြယ်ပွင့်မပြမေးခွန်းများအရေအတွက် စုစုပေါင်း ၄၂ ခုရှိခဲ့ရာ ၁၆ ခုကိုသာ ကတိကဝတ်ပြုခဲ့သည်။ ၁၆ရာခိုင်နှုန်းမျှသာ ကြယ်ပွင့်မပြမေးခွန်းများအပေါ် ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။


ကြယ်ပွင့်မပြမေးခွန်းများအပေါ် ၁၃ ရာခိုင်နှုန်း အစိုးရဆောင်ရွက်ရန်ကျန်ရှိ
ပြည်နယ်အစိုးရ၏ (၃)နှစ်တာကာလအတွင်းတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းများ စုစုပေါင်းမေးခွန်း ၁၆ ခုရှိရာ ဆောင်ရွက်ပြီးစီးမှု ၈ ခုရှိခဲ့ပြီး၊ ဆောင်ရွက်ဆဲ ၆ ခုနှင့် ဆောင်ရွက်ရန်ကျန် ၂ ခုရှိခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့်ကြည့်မည်ဆိုလျှင် ဆောင်ရွက်ရန် ကျန်ရှိမှုမှာ ၁၃ ရာခိုင်း ရှိနေပါသေးသည်။

ကိုယ်စားလှယ်များမှ တင်သွင်းမြေးမြန်းခဲ့သည့် အဆိုနှင့် ကြယ်ပွင့်ပြမေးခွန်းများ အရေအတွက်

ယခုလိုဖြစ်ရခြင်းသည် ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များပါဝင်မှု အားနည်းနေခြင်း၊ ဖက်ဒရယ် အခြေ မခံခြင်းတို့ကြောင့်ဖြစ်သည်ဟု ယူဆမိပါသည်။
ကိုယ်စားလှယ်များမှ မေးမြန်းခဲ့သည့် ကြယ်ပွင့်မပြ / ကတိကဝတ်မေးခွန်းများ အရေအတွက်
