spot_imgspot_imgspot_imgspot_img
Friday, September 20, 2024
spot_imgspot_imgspot_imgspot_img

၁ လ ကျော်ကြာ ပျောက်ဆုံးနေတဲ့ ဖရူဆိုဒေသခံလူငယ်နှစ်ဦး စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်းခံရ၊ အလောင်းကို ပြန်တူးဖော်ရရှိ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ ဖရူဆိုဒေသခံ လူငယ်နှစ်ဦးဟာ ၁ လ ကျော်ကြာပျောက်ဆုံးခဲ့ပြီးနောက် ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ သေဆုံးတဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်ရရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဆိုပါ လူငယ်နှစ်ဦးဟာ မော်ချီးမှာ ၂ လ ကြာ သွားရောက်အလုပ်လုပ်ပြီးနောက် ဇူလိုင်လ ၅ ရက်နေ့မှာ ပြန်လာတာဖြစ်ပါတယ်။ အပြန်လမ်းမှာ ဘောလခဲမြို့နယ်ထဲကို လမ်းမှား ရောက်ရှိခဲ့ကာ စစ်ကောင်စီအထိုင်ချတဲ့ ရေကျော်တပ်စခန်းအနီးမှာ ပစ်သတ်ခံရပြီး မြှုပ်ထားတဲ့ အလောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

” စကစ (စစ်ကောင်စီ) သတင်းတော့ တင်ထားတာ ဘောလခဲအနီးမှာ ကင်းလှည့်နေချိန်မှာ အရပ်သားနှစ်ဦးက ဆိုင်ကယ်နဲ့လာတာ တားတာမရပ်လို့ ပစ်ခတ်လိုက်တယ်လို့ စကစ (စစ်ကောင်စီ) တင်ထားတာပေါ့၊ အမှန်က သူတို့ မော်ချီးကနေ အလုပ်သွား၊ ငွေရှာရင်း အပြန်မှာ လမ်းမှားတာ။”လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်မှာ ရေးသားထားတာနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၈ ရက်နေ့မှာ ဘောလခဲမြို့အနီးမှာရှိတဲ့ ရေကျော်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် ခူးမီးရယ် နဲ့ ခူးဗျားရယ် စီးနှင်လာတဲ့ ဆိုင်ကယ်ကို တပ်စခန်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဆက်လက်ရှာဖွေရာကနေ ဩဂုတ်လ (၂၁) ရက်နေ့မှာ ရေကျော်စခန်းအနီးမှာပဲ မြှုပ်နှံထားတဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာပါ။

“ဘယ်မှာပြန်တွေ့တာလဲ ဆိုတော့ ဘောလခဲ ရေကျော်စခန်းအနီး တံတားဘေးနားမှာပါ။ အသားတွေတော့ ပုတ်ကုန်ပြီ ဆိုင်ကယ်နဲ့ အဝတ်အစားကိုကြည့်ပြီး သေချာကြောင်းသိရတာပေါ့နော” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေရဲ့ ဦးခေါင်းခွံ ၊ အရိုး ၊ စုတ်ပြဲနေတဲ့ အဝတ်အစား တွေနဲ့ အလောင်းကို ပြန်သယ်လာရင်း သြဂုတ်လ ၂၂ ရက်နေ့မှာပဲ ကယားရိုးရာအရ ပြန်လည် ဂူသွင်းသဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလူငယ်နှစ်ဦးက ဖရူဆိုမြို့နယ် ၊ ထီးဗျားညေ ကျေးရွာမှာနေထိုင်တဲ့ အသက် ၁၉နှစ်အရွယ် ခူးဘျားရယ် နဲ့ ခူးမီရယ် တို့ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးကတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် (၁၅) က တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး တာဝန်ထမ်းဆောင်တာ (၁) နှစ်မပြည့်‌ သေးဘူးလို့ KNDF တပ်ရင်း ၁၅ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

မော်ချီးခရီးလမ်းကို သွားလာတဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း အသွားအလာ ဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေး တိုက်တွန်းထားတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts