spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

၂၀၁၆-၁ရစည်းကြပ်နှစ် ကယားပြည်နယ်တွင် အခွန်အများဆုံး ထမ်းဆောင်သူ ၉ရ ဦး အစိုးရ ဂုဏ်ပြု

Author

Date

Category

မူအက်စတာ

ကယားပြည်နယ်အတွင်း အခွန်ထမ်းဆောင်သူများအနက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း ၅ဝ ဦးနှင့် ကုန်သွယ်ခွန်အများဆုံးထမ်းဆောင်သည့် အခွန်ထမ်း ၄ရ ဦးတို့ကို အစိုးရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ဂုုဏ်ပြုလွှာများပေးအပ်ပွဲကို ယနေ့ မေလ ၄ ရက်နေ့တွင်  ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၏ အခွန်ဆောင်သူ ထိပ်တန်းစာရင်းတွင် သတ္တုတူးဖေါ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများက ဦးဆောင်နေသည်။

၂၀၁၆-၁ရစည်းကြပ်နှစ်အတွက် ကယားပြည်နယ်အတွင်း ဝင်ငွေခွန်ထမ်းဆောင်သူ (၂၃၆၁)ဦးနှင့် ကုန်သွယ်ခွန်ထမ်းဆောင်သူ (၉၀၃)ဦးရှိသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားသူကြီးချုပ် နှင့် အခွန်ထမ်းသူများ တက်ရောက်ခဲ့သည်။

ယနေ့နိုင်ငံတော်အစိုးရအနေနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြှင့်မားတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ စိန်ခေါ်မှုအခက်အခဲများ ရှိနေသော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏  အခွန်ပေးဆောင်မှုကြောင့် နိုင်ငံတော်၏ အသုံးစရိတ်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းဟာ အင်အားဖြစ်ကြောင်းနဲ့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ နောင်နှစ်ပေါင်းများမှာလည်း စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ပြီး ပေးဆောင်သင့် ပေးဆောင်ထိုက်သည့်အခွန်ငွေများကို ပေးဆောင်၍ နိုင်ငံတော်အကျိုး မိမိအကျိုးသယ်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ တွင်နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိကြောင်း ဖော်ပြထားပါသည်။

 

spot_img
spot_img
spot_img

Recent posts