မူအက်စတာ
၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် မတ်လအထိ ကယားပြည်နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီးသာ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း တရားမဝင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ပပျောက်ရန်နှင့် ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးခြင်း၊ တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကော်မတီဖွဲ့ကာ ဆောင်ရွက်နေကြောင်း ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။
ပြည်နယ်တွင်း တရားမဝင်လိုင်စင်မဲ့ကားများကို ဖမ်းဆီးရာတွင် မည်သည့်ဌာနဆိုင်ရာများ ပါဝင်ကြောင်းနှင့် ဖမ်းဆီးရရှိမိသော မော်တော်ယာဉ်များအား မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသနည်းဟု ဒီးမော့ဆိုမြို ့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တေ်ာကို်ယ်စားလှယ် ဦးသိန်းအောင်စဲရယ်က ပြည်နယ်လွှတ်တော်တွင် မေးမြန်းမှုကို လုံ/နယ်ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။
၎င်းက မတ်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးမြန်းသည်။
အခြားယာဉ်တိုက်မှု၊ တိမ်းမှောက်မှုများ၊ မူးယစ်ဆေးဝါးမှုများ၊ သစ်နှင့် အခြားဥပဒေနှင့် မလွှတ်ကင်းသည့် ပစ္စည်းများ တင်ဆောင်မှုကြောင့် ဖမ်းဆီးအရေးယူတွင် ပြစ်မှုကျူးလွန်သူအသုံးပြုသည့် ယာဉ်မှာ လိုင်စင်မဲ့ဖြစ်ပါက သီးခြားအမှုဖွင့်ကာ အရေးယူဆောင်ရွက်လျှက်ရှိကြောင့် လုံ/နယ်ဝန်ကြီးက ပြောသည်။
ကယားပြည်နယ်တွင် ၂၀၁ရ ဖေဖေါ်ဝါရီလအထိ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန(ကညန)တွင် တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ်အရေအတွက် ရ သောင်းခွဲကျော်ရှိသည်။ သို့သော် လိုင်စင်မဲ့ အိမ်စီးကား အများအပြားကို ကယားပြည်နယ်တွင် စီးနင်းနေကြသည်။