spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

(၇၅) ကြိမ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေ တစ်နေရာမှာ အကျဉ်းချုပ်ပြုလုပ်

Author

Date

Category

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ (၇၅) ကြိမ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ကရင်နီတပ်မတော်ထိန်းချုပ်ရာ နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်သွားပါတယ်။

အခမ်းအနားမှာ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က အားပေးအမှာစကား ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အားမရှိဘဲ အထိနာတာကြောင့် လေကြောင်းအသုံးပြုပြီး လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်လာပေမယ့် လူထုတွေအနေနဲ့ အားတင်းပြီး စိတ်ခိုင်ခိုင်ထားဖို့ကို သူက ကန္တာရဝတီတိုင်း(မ်) ရဲ့ မေးမြန်းချက်မှာ ထည့်သွင်းပြောဆိုသွားပါတယ်။

“ကျတော်တို့အဖက် ခွန်အားပေးပြောချင်တာက ကျနော်တို့ ပြည်တွင်းမှာ တိုက်ပွဲတွေကတော့ သိကြတဲ့ တိုင်းပဲ ရက်တိုင်းဖြစ်ပွားတယ်။ ဗမာတွေက (စစ်ကောင်စီတပ်) သူတို့ အဲ့လောက်လဲ အင်းအားမရှိပါဘူး လက်နက်တွေနဲ့ ကျနော်တို့ကို မတိုက်နိုင်တော့ ဂျက်လေယာဉ်တွေ ရဟတ်ယာဉ် တွေသုံးပြီး ကျတော်တို့ ပြည်သူလူထုတွေက ထွက်ပြေးကြပြီး အစားငတ်ကုန်ကြတယ်။ အိုးအိမ်တွေကိုလဲ မရှိတော့ဘူး။ မီးရှု့ကုန်တယ် အဲလိုတွေရှိတော့ အားပေးစကားပြောချင်တာ မိဘပြည်သူတွေကို ကျေးဇူးပြု၍ အားတင်းထားပြီး စိတ်ကိုခိုင်မာထားပါလို့။ ကျနော်တို့ရန်သူကို တိုက်နိုင်အောင်တိုက်ရမယ် ကျတော်တွေးထားတာပေါ့နော်။ မြန်မလား၊ ကြာမလား ကျတော်တို့မသိသေးဘူးနော်။ ကျတော်တို့ တာဝန်တွေရော လျာထားချက်တွေရောရှိတယ်” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က သူကပြောပါတယ်။

အဲ့ဒီ အခမ်းအနားကို ကရင်နီတပ်မတော် ဗိုလ်မှူးကြီးတွေနဲ့ ဗိုလ်ကြီးတစ်ချို့အပြင် ရဲဘော် ယောက် ၇၀ ကျော် တက်ရောက်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ် အမှာစကားကိုလဲ ဖတ်ကြားပြီး၊ ပေးပို့လာတဲ့ သဝဏ်လွှာ တွေကိုလဲ ဖတ်ကြားခြင်းတွေ ပြုလုပ်သွားပါတယ်။

spot_img
spot_img
spot_img

Recent posts