spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများအဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ရန် မူပေါ်လစီကို အကောင်အထည်ဖော်မည်

Author

Date

Category

ကယန်းအမျိုးသမီးအစည်းအရုံး (KYWO) မှ တွဲဖက်အတွင်းရေးမှူး-၂ မူအန်းဂျေလာ

နော်ဒွေးအယ်ခူ

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ အဓိပ္ပါယ်ပြည့်ဝစွာပါဝင်နိုင်ရန်၊ ဒေသခံအမျိုးသမီးများနှင့် အမျိုးသမီးအစုအဖွဲ့များ ချိတ်ဆက်မှုအားကောင်းဖိုရန် အတူတကွ ကြိုးစားလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး (KYWO) မှ တွဲဖက်အတွင်းရေးမှူး-၂ မူအန်းဂျေလာက ပြောသည်။

“ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တွေရဲ့ ပေါ်လစီထဲမှာ ထည့်သွင်းဆွေးနွေးနိုင်ဖို့နဲ့ ကျွန်မတို့ပြည်နယ်ရဲ့ ပေါ်လစီတွေမှာ ထည့်သွင်းဖို့အတွက်ကို အဓိကမျှော်လင့်တယ်ပေါ့။ ဒီအဆင့်ထိရောက်ဖို့ ကျွန်မတို့ထပ်ပြီးတော့ ကြိုးစားသွားမယ်ပေါ့” ဟု ၎င်းကဆိုသည်။

ကရင်နီပြည်၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်မှုကို မြှင့်တင်လာနိုင်ရန်အတွက် ရည်ရွယ်ထားကြောင်း ၎င်းကဆက်ပြောသည်။

ကရင်နီပြည် အမျိုးသမီးများဖိုရမ်မှ ရရှိလာမည့် ဆွေးနွေးချက်များကို အတည်ပြုပြီး ထွက်ရှိလာမည့် မူပေါ်လစီကို ပြည်နယ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ညီလာခံ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ၏ မူပေါ်လစီတွင် ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် အဓိကထားလုပ်ဆောင်နေကြောင်း သိရသည်။

ဖိုရမ်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့သဘာဝသယံဇာတ အစရှိသည့် ကဏ္ဍကြီး-၅ခု ကို အဓိထားဆွေးနွေးခဲ့ကြသည်။

“ကဏ္ဍကြီး(၅)ခုမှာ ကျွန်မတို့တင်ပြချက်တွေ ထည့်သွင်းချက်တွေကို နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်မတို့တောင်းဆိုချက်တွေကို အသိအမှတ်ပြုပေးမယ်လို့ မျှော်လင့်တယ်ပေါ့” ဟု ပါဝင်တက်ရောက်သည့် နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းရွာမှ ဒေါ်ကြာမီက ပြောသည်။

ကရင်နီပြည် အမျိုးသမီးများဖိုရမ် ကို ကယန်းအမျိုးသမီးအစည်းအရုံး(KYWO)မှ ဦးဆောင်ကျင်းပခဲ့သည်။

အဆိုပါဖိုရမ်သို့ ကယားပြည်နယ်ရှိ မြို့နယ်(၇)ခု၊ ဖယ်ခုံမြို့နယ်နှင့် သံတောင်မြို့နယ် အစရှိသည့် မြို့နယ်အသီးသီးတို့မှ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး လူဦးရေ ၂၅ဝ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

spot_img
spot_img
spot_img

Recent posts